အဲဗာတန်အသင်းဟာ နောက်ခံလူ ဘရန့်ဝိတ်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ရရှိမှသာ ရောင်းချဖို့ ဆုံးဖြတ်မယ်လို့ သိရပါတယ်။
အသက် ၂၁ နှစ်ရှိ အင်္ဂလန်နောက်ခံလူဟာ ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပေမဲ့ အနာဂတ်မှာ ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။
ဘရန့်ဝိတ်ကို မန်ယူအသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းထွက်နေပြီး အဲဗာတန်ဘက်က ပေါင်သန်း ၇၀၊ ၈၀ ဝန်းကျင် ရမှသာ လက်လွှတ်ဖို့ ရှိနေတာပါ။
မန်ယူအသင်းက မက်ဂွဲယားအတွက် ၂၀၁၈ ခုနှစ်က ပေါင်သန်း ၈၀ ပေးချေခဲ့ရသလို မန်စီးတီးအသင်းကလည်း ဂဗာဒီယိုအတွက် ပေါင် ၇၇ သန်း၊ ချဲလ်ဆီးအသင်းက ဝက်စ်လေဖိုဖာနာအတွက် ပေါင် ၇၅ သန်း ပေးချေပြီး ဝယ်ယူခဲ့ရတာပါ။
အလားတူ ဘရန့်ဝိတ်အတွက်လည်း အဲဒီနောက်ခံလူတွေထက် မနည်းတဲ့ ပြောင်းရွှေ့ကြေး ရရှိဖို့ အဲဗာတန်အသင်းက မျှော်လင့်ထားတာ ဖြစ်ပါတယ်။
Photo-Reuters