အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရိစ်မြို့မှာရှိတဲ့ အထပ် ၃၀ ပါ အဆောက်အဦပေါ်ကို တောင်တက်သမားတဦးက လုံခြုံရေးပစ္စည်းတွေ မပါဘဲ လက်ဗလာနဲ့ တက်ခဲ့ပါတယ်။
မာစင်ဘာနော့လို့ ခေါ်တဲ့ ပိုလန်တောင်တက်သမားဟာ ပေ ၄၁၀ မြင့်တဲ့ အဆောက်အဦထိပ်ကို တက်ရောက်နိုင်ဖို့ ကြိုးစားခဲ့တာပါ။
ဒေသခံတွေ အာရုံစိုက်မခံရမီ မာစင်ဘာနော့က အဆောက်အဦထိပ်ကို တက်ခဲ့တာဖြစ်ပြီး ထိပ်ဆုံးကိုမရောက်မီ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ တားဆီးခြင်း ခံခဲ့ရပါတယ်။
သူ့ကို ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ခဲ့ပြီး လုံခြုံရေး သိုင်းကြိုးတွေနဲ့ အောက်ပြန်ဆင်းစေခဲ့ရပါတယ်။
ဗြူနိုအေးရိစ် အစိုးရအဖွဲ့ အရာရှိ ဂျော့မက်ရီက တောင်တက်သမားကို ထိန်းသိမ်းထားကြောင်း၊ ဒီလိုအဖြစ်အပျက်နဲ့ပတ်သက်ပြီး သူ့ကို တရားစွဲဖို့ တရားရုံးတင်မှာ ဖြစ်ကြောင်း ပို့စ်တင်ထားတာ တွေ့ရပါတယ်။
အဆောက်အဦပေါ်တက်ခဲ့တဲ့ ပိုလန်နိုင်ငံသားရဲ့ မဆင်မခြင်လုပ်မှုနဲ့ ပတ်သက်ပြီး ဒေသခံတွေကတော့ ကြိုက်နှစ်သက်ခြင်း မရှိပါဘူး။
Source-Reuters