Home
အားကစား
တိုက်စစ်မှူးဟောင်း တောရက်စ် အက်သလက်တီကို (B) အသင်းကို ကိုင်တွယ်မည်
DVB
·
June 12, 2024
Photo - REUTERS/Juan Medina

စပိန်တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်ဟာ အက်သလက်တီကို (B) အသင်းကို တာဝန်ယူကိုင် တွယ်တော့မှာပါ။

လီဗာပူးနဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာ ၂၀၂၀ ပြည့်နှစ်က ကစားသမားဘ၀ကနေ အနားယူခဲ့တာဖြစ်ပြီး စီနီယာအသင်းတသင်းကို ပထမဆုံးအကြိမ် တာဝန်ယူခွင့်ရရှိလာခဲ့တာပါ။

တောရက်စ်ဟာ အက်သလက်တီကို ယူ-၁၉ အသင်းကို စတင်တာဝန်ယူခဲ့ပြီး တီကို (B)အသင်း နည်းပြ တီဗီနက်က အသင်းကြီးနည်းပြအဖွဲ့ဝင်အဖြစ် ရာထူးတိုးခဲ့တာကြောင့်  တောရက်စ်က အစားထိုးတာဝန်ယူခွင့် ရရှိလာခဲ့တာပါ။

နည်းပြတယောက်အနေနဲ့ လေ့လာသင်ယူမှုတွေ သုံးနှစ်ကြာ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး နေ့စဉ်နေ့တိုင်း ခြေစွမ်းတိုးတက်လာအောင် ကစားသမားတွေကို သင်ကြားပြသပေးသွားမှာဖြစ်ကြောင်း တောရက်စ်က ပြောပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013