Home
အားကစား
ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်း ဒဏ်ရာပြဿနာမရှိ၊ ကစားသမားများ ဆိုရှယ်မီဒီယာအသုံးပြုမှု ရှောင်ကြဉ်မည်
DVB
·
June 12, 2024
Photo -REUTERS

ယူရိုပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဒဏ်ရာပြဿနာကင်းစင်နေပြီး ကစားသမား အားလုံး လေ့ကျင့်ခန်းအတူဆင်းနိုင်ပြီလို့ သိရပါတယ်။

အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား ၂၆ ဦးခေါ်ယူလာခဲ့ပေမဲ့ နောက်ခံလူ လုခ်ရှောနဲ့ ဂျွန်စတုန်းစ်တို့ အပါအဝင် ကစားသမား ၂၆ ဦးစလုံး လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ကြတာပါ။

အင်္ဂလန်အသင်းဟာ အိုက်စလန်ကို ရှုံးနိမ့်ခဲတဲ့ ခြေစမ်းပွဲမှာ ကစားသမားတချို့ ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ပါတယ်။

ယူရိုပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲမှာ ရှုံးပွဲတွေ့ခဲ့လို့ ဝေဖန်ခံခဲ့ရပေမဲ့ လေ့ကျင့်ရေးကွင်းမှာ ပျော်ရွှင်စွာနဲ့ လေ့ကျင့်ခဲ့ကြတာပါ။

ဒီအခြေအနေကြောင့် လာမယ့် ဇွန် ၁၇ ရက်မှာ ကစားရမယ့် ဆီးဘီးယားနဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းက လူစုံတက်စုံနဲ့ ပွဲထွက်ကစားနိုင်မှာ ဖြစ်ပါတယ်။ 

အင်္ဂလန်လက်ရွေးစင်အသင်းသားတွေဟာ ယူရိုပြိုင်ပွဲကာလအတွင်းမှာတော့ ဆိုရှယ်မီဒီယာတွေအသုံးပြုမှု ရှောင်ကြဉ်သွားမယ်လို့ သိရပါတယ်။

အင်္ဂလန်အသင်းဟာ တနင်္လာနေ့က ပြိုင်ပွဲကျင်းပမယ့် အိမ်ရှင်ဂျာမနီနိုင်ငံကို ရောက်ရှိခဲ့ပြီး လာမယ့်တနင်္ဂနွေနေ့မှာ ဆားဘီးယားအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ် ယှဉ်ပြိုင်သွားရမှာပါ။

အင်္ဂလန်ကစားသမားတွေဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေက အတွေ့အကြုံတွေအရ ဆိုရှယ်မီဒီယာတွေကနေ ဆဲဆိုဝေဖန်တာတွေကို ရှောင်ရှားတဲ့အနေနဲ့ အသုံးပြုမှုရှောင်ကြဉ်မယ် လို့သိရပါတယ်။

အင်္ဂလန်အက်ဖ်အေဘက်ကနေ ဆိုရှယ်မီဒီယာမသုံးဖို့ ညွှန်ကြာတာမျိုးမရှိသလို နည်းပြဆောက်ဂိတ်ဘက်ကလည်း လွတ်လပ်ခွင့်ပေးထားပေမဲ့ အင်္ဂလန်ကစားသမားအများစုက တော့ သူတို့ရဲ့ ဆိုရှယ်မီဒီယာစာမျက်နှာတွေကို ပိတ်ပင်ထားမယ်လို့ ဆိုပါတယ်။

အင်္ဂလန်ကစားသမားတွေဟာ ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေ ကစားနေစဉ်အတွင်း ဆဲဆိုဝေဖန်တဲ့ စာတို ၁၅၄၆ ခု  အပို့ခံခဲ့ရပါတယ်။

ယူရို ၂၀၂၀ မှာ အင်္ဂလန်အသင်းဗိုလ်လုပွဲရောက်ခဲ့ပေမဲ့  ဆဲဆိုစော်ကားတဲ့ စာတို ၁၂၅၀၀ အထိ အပို့ခံခဲ့ ရတယ်လို့သိရပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013