Home
မြန်မာသတင်း
ဘန်ကောက် ကျတူးကျတ်ဈေးကြီး မီးလောင်၊ ဆိုင်ခန်း ၁၀၀ ကျော်ဆုံးရှုံးပြီး အလှမွေးတိရစ္ဆာန်များ သေဆုံး  
DVB
·
June 11, 2024
Photo - social media

ထိုင်းနိုင်ငံဘန်ကောက် ကျတူးကျတ်နယ်မြေ၊ ကျတူးကျတ်လေဟာပြင်ဈေးကြီးမှာ ဇွန် ၁၁ ရက်  မနက်က မီးလောင်မှုဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ဆုံးရှုံးမှုရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီမနက် စောစော ၄ နာရီအချိန်လောက်က ကျတူးကျတ်ဈေး အလှမွေးတိရစ္ဆာန်တွေ ရောင်းချတဲ့ဇုန်ကနေ မီးစတင်လောင်ကျွမ်းပြီး မီးသတ်ကား အစီးရေ ၃၀ ထက်မနည်း လာရောက် ငြှိမ်းသတ်ခဲ့တယ်။ အချိန် ၁ နာရီကြာခန့် ငြှိမ်းသတ်ပြီးမှ မီးညွန့်ကျိုးသွားတယ်လို့  အခင်းဖြစ်ပွားရာနေရာကနေ တိုက်ရိုက်သတင်းပို့နေတဲ့ ထိုင်း PBS သတင်းထောက်က ပြောပါ တယ်။

အဲဒီနေရာဟာ အလှမွေးတိရစ္ဆာန်တွေရောင်းချတဲ့ဇုန်ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ရှိကြောင်း၊ ဆိုင်ခန်းအားလုံးနီးပါး လောင်ကျွမ်းပြီး အလှမွေးတိရစ္ဆာန်တွေလည်း အများအပြား သေဆုံးနေတာ တွေ့ရတယ်။ ဆုံးရှုံးမှုအတိအကျတော့ မသိရသေးကြောင်း၊ အခင်းဖြစ်တဲ့နေရာကို ဘန်ကောက်မြို့တော်ဝန် လာရောက်စစ်ဆေးပြီး ပျက်စီးဆုံးရှုံးမှုစာရင်း ကောက်ခံနေဆဲပဲလို့ ဆိုပါတယ်။

မန်နေဂျာအွန်လိုင်းသတင်းမှာတော့ ဆိုင်ခန်းပေါင်း ၁၁၈ ခန်းနဲ့ အလှမွေးတိရစ္ဆာန် ၁၀၀၀ ကျော် မီးထဲပါသွားတယ်လို့ ဖော်ပြပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲပဲလို့ ဆိုပါတယ်။ 

Reuters - ThaiPBS / MGROnline

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013