၂၀၂၃ - ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် (ဓာတ်ပုံ)
DVB
·
June 11, 2024
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းတွေကို နိုင်ငံတဝန်း အခြေခံပညာစာသင်ကျောင်းတွေမှာ ဒီကနေ့ ဇွန်လ ၁၁ ရက် မနက်က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန အသီးသီးမှ ဖြေဆိုသူဦးရေ ၁၂၈၈၂၀ ဦးရှိခဲ့ပြီး အဲ့ဒီထဲကမှ အောင်မြင်သူ ဦးရေ ၇၄၅၉၂ ဦးရှိခဲ့ကာ စုစုပေါင်း အောင်ချက်ရာခိုင်နှုန်းက ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း ရှိတယ်လို့ ပညာရေးဌာနက သိရပါတယ်။