ယူကရိန်းမှာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ဖို့ လက်ရှိအချိန်အထိ နိုင်ငံနဲ့ အဖွဲ့အစည်း ၉၀ က စာရင်းပေးထားပြီး ဖြစ်တယ်လို့ ဆွစ်ဇာလန်က ဇွန် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇွန် ၁၅-၁၆ ရက်တွေမှာ ဆွစ်ဇာလန်မှာ ကျင်းပမယ့် အစည်းအဝေးပွဲမှာ ယူကရိန်း ငြိမ်းချမ်းဖို့ ဘယ်လိုပါဝင်ကြမလဲဆိုတဲ့ လမ်းကြောင်းကို သတ်မှတ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ ရုရှားတော့ ပါဝင်မှာ မဟုတ်ပါဘူး။ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးရဲ့ မေတ္တာရပ်ခံချက်အရ ဆွစ်ဇာလန်နိုင်ငံက ထိပ်သီးအစည်းအဝေး ပြုလုပ်ပေးမယ်လို့ ဇန်နဝါရီလက သဘောတူညီခဲ့တာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံက အစည်းအဝေးတက်ဖို့ ကြံရွယ်ချက် မရှိတာကြောင့် ဒီအစည်းအဝေးကနေ ထုတ်ပယ်ထားကြောင်း ဆွစ်ဇာလန်က ဆိုပါတယ်။
ရုရှားနည်းတူ တရုတ်နိုင်ငံလည်း ရုရှား-ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးအကြောင်းပြောတာ မတွေ့လို့ ဒီအစည်းအဝေးမှာ ပါဝင်မှာမဟုတ်ပါဘူး။
ထိပ်သီးအစည်းအဝေးပွဲမှာ နျူကလီးယားအရေး၊ အစားအသောက်လုံခြုံမှု၊ လွတ်လပ်စွာ သွားလာနိုင်မှု၊ လူ့အခွင့်အရေး၊ စစ်သုံ့ပန်း စတဲ့အကြောင်းအရာတွေကို ဆွေးနွေးမှာဖြစ်တယ်လို့ ဆွစ်နိုင်ငံခြားရေးဝန်ကြီး အစ်နာဇီယိုကတ်စစ်က ပြောခဲ့ပါတယ်။
Source - Reuters