Home
နိုင်ငံတကာ
လက်ရှိထိုင်းအစိုးရအဖွဲ့၏ စွမ်းဆောင်ရည်ကို ပြည်သူများ စိတ်တိုင်းမကျ
DVB
·
June 10, 2024
ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်(ဓာတ်ပုံ- ရိုက်တာ)

ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်ရဲ့ အစိုးရအဖွဲ့ကို ပြည်သူအများစုက စိတ်တိုင်းမကျကြောင်း တနင်္ဂနွေနေ့ လူထုစစ်တမ်းက ဖော်ပြပါတယ်။

ဝန်ကြီးချုပ် ဆေထာထဝီးဆင်ဟာ လွန်ခဲ့တဲ့ ၉ လက တာဝန်စယူခဲ့သူဖြစ်ပြီး နိုင်ငံပြဿနာတွေနဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေကို ပြည်သူတွေက အားမရ ဖြစ်နေတာပါ။

လူပေါင်း ၁,၃၁၀ ရဲ့ စစ်တမ်းအရ ၃ ပုံ ၂ ပုံက အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို မကျေမနပ် ဖြစ်နေကြပါတယ်။

ပြည်သူ ၇၀ ရာခိုင်နှုန်းက အစိုးရအဖွဲ့ဟာ အဓိကပြောင်းလဲမှုတွေ မလုပ်နိုင်မှုနဲ့ ရှင်းလင်းတဲ့ ရလဒ် မရမှုကြောင့် အစိုးရအပေါ် ယုံကြည်မှုမရှိတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံအနေနဲ့ စီးပွားရေးအင်အားအကြီးဆုံး ဒုတိယနိုင်ငံဖြစ်လာဖို့ ဆေထာထဝီးဆင်ရဲ့ အစိုးရအဖွဲ့က ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ဆေထာထဝီးဆင် အစိုးရအဖွဲ့ဟာ အိမ်ထောင်စုတွေအတွက် စီမံချက် ဘတ်ဘီလီယံ ၅၀၀ အသုံးပြုမှာဖြစ်ပြီး ဒီနှစ် နောက်ဆုံး ၃ လမှာ စတင်မယ်လို့ မျှော်လင့်ရပါတယ်။

ဆေထာထဝီးဆင်ကို ထုတ်ပယ်သင့်ကြောင်း အဆိုပြုချက်ကို ဖွဲ့စည်းပုံအခြေခံတရားရုံးက ပြီးခဲ့တဲ့လက လက်ခံခဲ့တာ တွေ့ရပါတယ်။

ဝန်ကြီးအဖွဲ့က ခန့်အပ်ခဲ့တဲ့ ရှေ့နေတဦး ထောင်ကျခဲ့တာနဲ့ပတ်သက်ပြီး ဆေထာထဝီးဆင်ကို ရာထူးကဖယ်ရှားဖို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအစိုးရရဲ့ ၂ လအတွင်း ထူးခြားတဲ့ ပြောင်းလဲမှု မရှိတဲ့အပေါ် NIDA ရဲ့ မေးမြန်းချက်ကို ၄၃ ရာခိုင်နှုန်းက အစိုးရအဖွဲ့ ဆက်ရှိနေမယ်လို့ မျှော်လင့်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013