မန်ယူအသင်း ပူးတွဲပိုင်ရှင်နဲ့ ဂျာမန်နည်းပြတူဟယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်း ထွက်ပေါ်လာပါတယ်။
ဂျာမနီနာမည်ကြီးသတင်းစာ BILD က ဂျာနယ်လစ်ဖြစ်သူ ခရစ်တီယန်ဖော့ခ်ရဲ့ အတည်ပြုချက်အရ နည်းပြသောမက်စ်တူဟယ်ဟာ မန်ယူအသင်း ပူးတွဲပိုင်ရှင်လည်းဖြစ်၊ အဓိကစီမံခန့်ခွဲသူလည်းဖြစ်တဲ့ ဆာဂျင်ရတ်ကလစ်ဖ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
နည်းပြတူ ဟယ်ဟာ မန်ယူအသင်းကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ပြောပြခဲ့ပြီး ဂျေဒန်ဆန်ချိုနဲ့ မေဆန်မောင့်တို့ရဲ့ စွမ်းဆောင်ရည်ကို အကောင်းဖြစ်အောင် လုပ်ဆောင်မယ့် နည်းလမ်းတွေရှိကြောင်းလည်း ဆွေးနွေးပွဲမှာ ထည့်သွင်းပြောခဲ့တယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ မန်ယူအသင်းဟာ နည်းပြ တန်ဟတ်ဂ်ကို ထုတ်ပယ်မလား၊ ဆက်လက် တာဝန်ပေးမလားဆိုတာ အခုရက်ပိုင်းအတွင်းမှာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။