Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် မေလအတွင်း စစ်ကောင်စီက အရပ်သား ၂၂ ဦးကို သတ်ဖြတ်
DVB
·
June 10, 2024
MonWarVictims_10062024

မွန်ပြည်နယ်မှာ မေလအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု ၇၃ ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၂၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ရာမညဖက်ဒရယ်အင်အားစု (NRFF) က ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာ မေလအတွင်း စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၂၂ ယောက် သေဆုံးခဲ့ပြီး ၃၈ ယောက် ဒဏ်ရာရရှိခဲ့ကာ ၁၃ ယောက် ကိုဖမ်းဆီးခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှု ၇၇ ကြိမ်ကျူးလွန်ခဲ့ပါတယ်။

မေလအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုအများဆုံးက သထုံမြို့နယ်ဖြစ်ပြီး မွန်ပြည်နယ်တခုလုံး ပြီးခဲ့တဲ့လနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှု၊ ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးသူ ၂ ဆနီးပါး တိုးလာတယ်လို့ ရာမညဖက်ဒရယ်အင်အားစု (NRFF) တာဝန်ခံ ကိုမင်းသံလွင်က ပြောပါတယ်။

“မေလထဲမှာဆိုရင် သထုံမှာ လူ့အခွင့်အရေးချိုးဖောက်တာများပြီး ကျန်တဲ့ဒေသတွေမှာ အနည်းအကျဉ်းပဲ ရှိတယ်။ လူ့အခွင့်ချိုးဖောက်မှုထဲမှာ လက်နက်ကြီး၊ မြေမြှုပ်မိုင်း စတာတွေကြောင့် သေဆုံးသူ ၂၂ ယောက် ရှိပြီး ဒဏ်ရာရတဲ့သူက ၃၈ ယောက်အထိ ရှိလာတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုက တလတည်း ၇၇ ကြိမ်တောင် ဖြစ်ပွားတယ်။ ပြီးခဲ့တဲ့ ဧပြီလနဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် ၂ ဆနီးပါး တိုးလာတယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ်အတွင်း ဧပြီလက စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၁၅ ယောက် သေဆုံး၊ ၁၇ ယောက် ဒဏ်ရာရရှိခဲ့ကာ ၁၁ ယောက် ဖမ်းဆီးခံခဲ့ရပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၄၃ ကြိမ် ရှိခဲ့တာကြောင့် မေလမှာ သိသိသာသာတိုးလာပါတယ်။

ဘီးလင်းမြို့နယ် ကျုံအိတ်တံတားနဲ့ မစောတံတား အချိုးခံရပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အရပ်သားပြည်သူတွေ ရှိတဲ့နေရာတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်နေတဲ့အတွက် ထိခိုက်မှုတွေ ပိုများလာတယ်လို့ ‌ဆိုပါတယ်။

ပြီးတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မေလအတွင်း နေအိမ် ၅၁ လုံးပျက်စီးခဲ့ပြီး ပြည်သူ ၂၁,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်းနေရတယ်လို့ ရာမည ဖက်ဒရယ်အင်အားစု (NRFF) က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013