အနာဂတ်မှာ အာဆင်နယ်အသင်းဆီ ပြန်လာနိုင်ကြောင်း စပိန်ဝါရင့်ကွင်းလယ်လူ ဆန်တီကာဇိုလာက ပြောသွားပါတယ်။
အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ကာဇိုလာဟာ အာဆင်နယ်အသင်းမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးတာခံခဲ့ရပါတယ်။
လက်ရှိအချိန်မှာ မွေးရပ်မြေစပိန် ဒုတိယတန်းကလပ် ရီးယဲလ်အော်ဘီယိုဒို အသင်းမှာ ကစားနေပြီး လာလီဂါတန်း တက်ခွင့်အတွက် အိုက်ဘာအသင်းနဲ့ ပလေးအော့ဖ်ဆီမီးဖိုင်နယ် ကစားသွားရမှာပါ။
ကစားသမား ဘဝကနေ အနားယူပြီးတဲ့နောက်မှာ အာဆင်နယ်အသင်းဆီ ပြန်လာမယ်ဆိုရင် အသင်းဘက်က အမြဲတမ်းတံခါးဖွင့်ထားကြောင်း၊ လက်ရှိအချိန်မှာတော့ မွေးရပ်မြေ ကလပ်အသင်းကို လာလီဂါဆီတန်း တက်ခွင့်ရဖို့ အာရုံစိုက်ထားကြောင်း ကာဇိုလာက ပြောပါတယ်။
ကာဇိုလာဟာ လက်ရှိအာဆင်နယ် နည်းပြ အာတေတာနဲ့ အတူတွဲဖက်ကစားခဲ့သလို ရင်းနှီးတဲ့ ဆက်ဆံရေးလည်းရှိပြီး နည်းပြတဦးအဖြစ် ပြန်လာဖို့ရှိပါတယ်။