၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ မသေချာကြောင်း အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ က ပြောသွားပါတယ်။
မက်ဆီဟာ ၂၀၂၆ ခုနှစ်မှာ အသက် ၃၉ နှစ်ရှိနေမှာဖြစ်ပြီး အသက်အရွယ်ကြောင့် ပါဝင်ကစားဖို့ မသေချာကြောင်း သူက ပြောပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားနိုင်ဖို့က အဲဒီအချိန်က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပေါ်မှာ မူတည်ပြီး အသက်အရွယ်က အရေအတွက်တခုသာဆိုပေမဲ့ အရှိတရားတခုလည်းဖြစ်ကြောင်း၊ ဥရောပမှာ ကစားခဲ့တာနဲ့ မေဂျာလိဂ်မှာ ကစားတာဟာ မတူညီကြောင်း မက်ဆီက ပြောပါတယ်။
ကွင်းထဲမှာ အသင်းဖော်တွေကို ကူညီနိုင်ဖို့က အချိန်သိပ်မကျန်တော့ဘူးဆိုတာ သိရှိနားလည်ထားပြီး အချိန်ဘယ်လောက်ကျန်သေးလဲဆိုတာ မသိနိုင်ကြောင်း မက်ဆီက ပြောသွားပါတယ်။