ဘရာဇီးနိုင်ငံ ရီယိုမြို့က ယေရှုခရစ်တော်ရုပ်တုမှာ ကိုရီးယားရိုးရာဝတ်ရုံကို ခြုံလွှမ်းပေးတဲ့ ပုံစံ ပရိုဂျက်တာတွေ သုံးပြီး ဇွန် ၇ ရက် ညပိုင်းက အလင်းရောင်နဲ့ ပုံဖော် ဖန်တီးခဲ့ပါတယ်။
ဒီပုံဖော်ဖန်တီးမှုဟာ ခေတ်ပြိုင်အနုပညာပြတိုက်မှာ ဇွန် ၉ ရက်မှာ စတင်မယ့် “ကိုရီးယားအလင်းရောင်” ပြပွဲရဲ့ ဖွင့်ပွဲအထိမ်းအမှတ်ဖြစ်သလို လာမယ့် နိုဝင်ဘာ် ဘရာဇီးမှာ ကျင်းပမဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို ဂုဏ်ပြုတာလည်း ဖြစ်ပါတယ်။
၂ နိုင်ငံကြား သွေးစည်းညီညွတ်မှုကို ကိုယ်စားပြုတာဖြစ်တယ်လို့လည်း ခရစ်တော်ဝတ္တကမြေ အဖွဲ့ က ထုတ်ပြန်ပါတယ်။
ဒီလို ပရိုဂျက်တာနဲ့ ထိုးပြီးအလင်းရောင်နဲ့ ပုံဖော်တဲ့ ဟန်းဘွတ်ဝတ်ရုံကို ကိုရီးယားဒီဇိုင်နာ ဂျင်ဟီးလီရဲ့ အကူအညီနဲ့ဖန်တီးခဲ့တာဖြစ်ပါတယ်။
ဒီဝတ်ရုံရဲ့ ခါးပတ်မှာ ဂျီ-၂၀ အဖွဲ့ရဲ့ လိုဂိုပါ အရောင်တွေကိုလည်း ထည့်သွင်းထားပါတယ်။
ဒီအစီအစဉ်ကို ကိုရီးယားယဉ်ကျေးမှုစင်တာနဲ့ ကိုရီးယားသံရုံးတို့က ပူးပေါင်းစီစဉ်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters