ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်နဲ့ ယူကျုဘာတဖြစ်လဲ လက်ဝှေ့သမား ဂျိတ်ခ်ပေါလ် တို့ ထိုးသတ်မယ် ပွဲစဉ်ကို နိုဝင်ဘာ ၁၅ ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
ဒီလထဲမှာ အသက် ၅၈ နှစ်ပြည့်မှာဖြစ်တဲ့ တိုင်ဆန်ဟာ ဆရာဝန်အကြံပေးချက်အရ ဇူလိုင် ၂၀ ရက် ထိုးသတ်မယ် အစီအစဉ်ကို နိုဝင်ဘာလအထိ ရွှေ့ခဲ့တာဖြစ်ပါတယ်။
တက္ကဆက်မှာ ထိုးသတ်မယ့်ပွဲကို Netflix မှာ လွှင့်မှာဖြစ်ပြီး အပျော်တမ်းပွဲမဟုတ်ဘဲ ပရော်ဖက်ရှင်နယ်ပွဲလို့ သတ်မှတ်မှာပါ။
ဒါပေမဲ့ တချီကို ၂ မိနစ်နဲ့ ၈ ချီပဲ ထိုးမှာဖြစ်သလို ၁၀ အောင်စ လက်ဝှေ့အိတ်အစား ၁၄ အောင်စ အိတ်တွေ သုံးထိုးသတ်မှာ ဖြစ်ပါတယ်။
တိုင်ဆန်ဟာ ၂၀၀၅ ကတည်းက ပရော်ဖက်ရှင်နယ်ပွဲ မထိုးတော့တာဖြစ်ပေမဲ့ ၂၀၂၀ တုန်းကတော့ သရုပ်ပြပွဲ ထိုးခဲ့ဖူးပါတယ်။
မိုက်တိုင်ဆန်ဟာ ၁၉၈၇ ခုနှစ်မှာ WBA၊ WBC နဲ့ IBF ဟဲဗီးဝိတ်ရွှေခါးပတ်တွေ အကုန်လုံး တချိန်တည်းမှာ ကိုင်ဆောင်ထားနိုင်တဲ့ လက်ဝှေ့ကျော်ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ်မှာ ဘတ်စတာဒေါက်ဂလတ်စ်ကို အမှတ်မထင် ရှုံးနိမ့်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂျိတ်ခ်ပေါလ်ဟာ ၁၀ ပွဲမှာ ၉ ပွဲနိုင်ထားပြီး UFC တိုက်ခိုက်ရေးသမားအများစုနဲ့ ထိုးသတ်ခဲ့တာဖြစ်ပါတယ်။
Source: Reuters