Home
မြန်မာသတင်း
မယ်လမတ်မြို့အနီးတွင် တရားမဝင် ရွှေ့ပြောင်းမြန်မာ ၂၉ ဦး ဖမ်းဆီးခံရ
DVB
·
June 8, 2024
ဖမ်းဆီးခံခဲ့ရသည့် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ
ဖမ်းဆီးခံခဲ့ရသည့် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ
ဖမ်းဆီးခံခဲ့ရသည့် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ
ဖမ်းဆီးခံခဲ့ရသည့် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ
ဖမ်းဆီးခံခဲ့ရသည့် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာ ၂၉ ယောက်ကို ဇွန် ၈ ရက် မနက် ၃ နာရီလောက်က မယ်လမတ်မြို့အနီးမှာ လူကုန်ကူးကားစောင့်နေတုန်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေက အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၁၇ ဦးဖြစ်ပြီး ကရင်ပြည်နယ် ဘားအံခရိုင်ဘက်က မြန်မာ-ထိုင်းနယ်စပ် သဘာဝဂိတ်ဘက်ကို ကူးလာကြကြောင်း၊ နယ်စပ်မှတဆင့် ဘန်ကောက်ကို အလုပ်သွားလုပ်မှာဖြစ်ပြီး တဦးကို ပွဲစားခ ၁၈,၀၀၀ မှ ဘတ် ၂၀၀၀၀ အထိ ပေးရတယ်လို့ ဖမ်းဆီးခံရသူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာအပြင် အလုပ်အကိုင် ရှာပါးတာနဲ့ ကုန်ဈေးနှုန်းကြီးမြင့်တာတွေကြောင့် အခက်အခဲကြုံနေရတဲ့အတွက် အခုလို ထိုင်းနိုင်ငံထဲ တရားဝင် ဝင်ရောက်လာကြတာလို့ ရွှေ့ပြောင်းသူအမျိုးသမီးက ပြောပါတယ်။

ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၂၉ ဦးဟာ ထိုင်းနိုင်ငံထဲ ပြည်ဝင်ခွင့် အထောက်ထားမရှိတဲ့အတွက် မယ်လမတ်မြို့ ရဲစခန်းကို လွှဲပြောင်းပြီး ထိုင်းနိုင်ငံတရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013