Home
အားကစား
မြန်မာကို ဂိုးပြတ်အနိုင်ရခဲ့သည့် ဂျပန်အသင်း အုပ်စုပထမဖြင့် တတိယအဆင့်တက်ရောက်
DVB
·
June 7, 2024
Photo-MFF

အာရှဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြန်မာအသင်းကို ၅ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ဂျပန်အသင်းဟာ အုပ်စုပထမနေရာကနေ ခြေစစ်ပွဲ တတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဇွန် ၆ ရက် မနေ့ညနေက ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကစားခဲ့တဲ့ မြန်မာနဲ့ ဂျပန်ပွဲစဉ်မှာ ဂျပန်အသင်းက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ၅ ပွဲကစား ၅ ပွဲနိုင်ရလဒ်နဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။

အဲဒီပွဲစဉ်မှာ ဂျပန်အသင်းက ဥရောပအခြေစိုက် နာမည်ကြီးကစားသမားတွေဖြစ်တဲ့ တိုမီယာဆု၊ ကူဘို တို့ကို အရန်စာရင်းမှာတောင် ထည့်သွင်းခဲ့ခြင်းမရှိဘဲ မီနာမီနိုနဲ့ အန်ဒို တို့ကိုလည်း အသုံးမပြုခဲ့တာ တွေ့ရပါတယ်။

ဂျပန်အသင်းဟာ အာရှဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ တတိယအဆင့် တက်ရောက်နိုင်ခဲ့သလို ၂၀၂၇ အာရှဖလားပြိုင်ပွဲကိုလည်း တိုက်ရိုက်ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့ပါတယ်။

တတိယအဆင့်မှာ စုစုပေါင်း ၁၈ သင်း ပါဝင်ပြီး ၆ သင်းပါ သုံးအုပ်စုခွဲကာ ယှဉ်ပြိုင်ကစားကြမှာပါ။

အိမ်ကွင်း၊ အဝေးကွင်း ပတ်လည်ကစားအပြီးမှာ အုပ်စုတခုချင်းစီက အုပ်စုပထမနဲ့ ဒုတိယ နှစ်သင်းစီက ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြောက်ကိုရီးယားနဲ့ လာအိုနိုင်ငံမှာ သွားရောက်ကစားဖို့ ကျန်သေးပေမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကနေ ထွက်ခဲ့ရသလို အာရှဖလားခြေစစ်ပွဲကိုလည်း တတိယအဆင့်ကနေ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013