Home
နိုင်ငံတကာ
ယူကရိန်းက ဒရုန်းဖြင့်တိုက်ခိုက်သဖြင့် ရုရှားရေနံချက်စက်ရုံ မီးလောင်
DVB
·
June 7, 2024
PHOTO- RUSSIAN EMERGENCIES MINISTRY /via REUTERS

ယူကရိန်းက ဒရုန်းနဲ့တိုက်ခိုက်အပြီး ရုရှားနိုင်ငံ ရိုစတော့ဗ် ဒေသတွင်းက နိုဗားရှက်ခ်တင့်စ်ခ် ရေနံချက်စက်ရုံမှာ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူး ဗာစီးလီး ဂိုလိုဘက်ဗ်က တယ်လီဂရမ် လူမှုကွန်ယက်မှာ ဇွန် ၆ ရက်က ရေးပါတယ်။

အနားက လမ်းပေါ်မှာ မောင်းသွားတဲ့ ကားတစီးပေါ်ကနေ ရိုက်ကူးထားတဲ့ ရေနံချက်စက်ရုံ မီးလောင်နေတဲ့ ရုပ်သံကို ရိုက်တာသတင်းဌာနက ရရှိ ထုတ်လွှင့်ခဲ့ပါတယ်။ အနီးနား က အဆောက်အဦတွေ သစ်ပင်တွေ လမ်းအခင်းအကျင်းတွေနဲ့ ယာဉ်ကြောတွေကို ဂြိုဟ်တုပေါ်က ပုံရိပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးအပြီး ရုပ်သံ မှန်ကန်ကြောင်းကို အတည်ပြု နိုင်ခဲ့ပါတယ်။

မီးကို ဒေသစံတော်ချိန် မနက် ၄န ာရီမှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဂိုလိုဘက်ဗ်က ပြောပါတယ်။ ရုရှားနဲ့ ယူကရိန်း နှစ်ဖက်စလုံးဟာ မရှိမဖြစ် အရေးပါတဲ့ အခြေခံအဆောက်အဦတွေ၊ စစ်ဘက် အဆောက်အဦတွေ၊ တပ်စခန်းတွေကို စစ်ပွဲ ၂ နှစ်ကျော် ကာလအတွင်း တိုက်ခိုက်ရာမှာ ဒရုန်းတွေကို သုံးခဲ့ကြပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013