အီတလီကလပ် နာပိုလီအသင်းဟာ ချဲလ်ဆီးနဲ့ စပါးနည်းပြဟောင်း အန်တိုနီယို ကွန်တီကို နည်းပြချုပ်အဖြစ် တရားဝင် ခန့်အပ်ခဲ့ပါတယ်။
အသက် ၅၄ နှစ်ရှိ အီတလီနည်းပြဟာ ၂၀၂၃ ခုနှစ် မတ်လနောက်ပိုင်းကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။
နာပိုလီအသင်းက ကမ္ဘာ့အရေးပါဆုံး နေရာတွေထဲက တခုဖြစ်ပြီး အပြာရောင်ခုံတန်းပေါ်ကနေ အသင်းကို တာဝန်ယူ ကြီးကြပ်ရမယ့်အပေါ် စိတ်လှုပ်ရှား ဂုဏ်ယူမိကြောင်း ပြောပါတယ်။
နာပိုလီအသင်းဟာ ကွန်တီကို ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ အသင်းအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းမှာဖြစ်ပြီး အသင်းတိုးတက်မှုတွေရှိလာဖို့ လုပ်ဆောင်သွားမယ်ဆိုတာ ကတိပေးကြောင်း ကွန်တီက ပြောပါတယ်။
Photo-Reuters