Home
နိုင်ငံတကာ
နော်မန်ဒီကမ်းခြေတွင် D-Day နှစ် ၈၀ ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ
DVB
·
June 6, 2024

ဒုတိယကမ္ဘာစစ်တုန်းက စစ်ပြန်စစ်မှုထမ်းဟောင်းတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ ကမ္ဘာ့သမိုင်းမှာ နာမည်ကျော်တဲ့ D-Day ကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့် နှစ်ပတ်လည် အခမ်းအနားတွေကို ဇွန် ၆ ရက်မှာ ကျင်းပခဲ့ကြပါတယ်။

၁၉၄၄ ခုနှစ် ဇွန် ၆ ရက်ဟာ သမိုင်းမှာ အကြီးဆုံး ကမ်းတက်တိုက်ပွဲအဖြစ် နာဇီ ဂျာမနီတပ်တွေကို တိုက်ဖို့ မဟာမိတ်တပ်သား တသိန်းခွဲကျော်ဟာ ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းခြေကို တက်လာခဲ့တဲ့ အဆုံးအဖြတ်ပေးတဲ့နေ့ D-Day ဖြစ်လာပါတယ်။

ပြင်သစ်ရဲ့ နော်မန်ဒီ ကမ်းရိုးတန်းမှာရှိတဲ့ ကမ်းတက်တိုက်ပွဲဖြစ်ခဲ့တဲ့ ကမ်းခြေဟာ ၇၄ မိုင်ခွဲ ကျယ်ပြီး အခုတော့ ဧည့်သည်တွေနဲ့ အရာရှိတွေ အများအပြားကို ဆွဲဆောင်နေပါတယ်။

ဒုတိယကမ္ဘာစစ်တုန်းက စစ်ပြန်စစ်မှုထမ်းဟောင်း အများစုကတော့ အသက် ၁၀၀ ကျော်နေပြီ ဖြစ်ပြီး သူတို့ပါ ဒီပွဲကို တက်ရောက်ခဲ့ပါတယ်။

အမေရိကန် စစ်ပြန်စစ်မှုထမ်းဟောင်း အယောက် ၂၀၀ လောက်ကို အမေရိကန်ကနေ နော်မန်ဒီကမ်းခြေဆီ အထူးလေကြောင်းလိုင်းနဲ့ လွန်းပျံပို့ဆောင်ပေးဖို့ မျှော်လင့်ထားပါတယ်။

၁၉၄၄ ခုနှစ် ဇွန် ၆ ရက် တရက်တည်းမှာ အမေရိကန်စစ်သည် ၂,၅၀၁ ယောက် ကျဆုံးခဲ့တဲ့ အိုမာဟာကမ်းခြေက နော်မန်ဒီ အမေရိကန် စစ်သင်္ချိုင်းမှာ ကျင်းပတဲ့ အခမ်းအနားကိုလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်ဖို့ မျှော်လင့်ထားပါတယ်။

ဒီအခမ်းအနားကိုတက်ဖို့ ဗြိတိန်ဘုရင် ချားလ်စ်နဲ့ အိမ်ရှေ့စံ ဝီလျံတို့လည်း တက်ဖို့ မျှော်လင့်ထားပါတယ်။

အိုမာဟာ ကမ်းခြေက နိုင်ငံတကာ အခမ်းအနားကို ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က ဦးစီးကျင်းပမှာဖြစ်ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013