ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလမှာစတင်ခဲ့တဲ့ စားအုန်းဆီအကျပ်တည်းက မပြီးပြတ်နိုင်သေးဘဲ ဒီရက်ပိုင်းအတွင်းမှာ စားအုန်းဆီတန်းစီတဲ့ လူတန်းကြီးကို တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်စျေးအနီးမှာ ပြန်လည်တွေ့မြင်လာရပါတယ်။
ပြင်ပစားအုန်းဆီပေါက်စျေးက တပိဿာကိုကျပ် ၁၂၀၀၀ ကျပ်ဖြစ်လာချိန်မှာ ရည်ညွှန်းစျေး တပိဿာကို ၅၃၄၅ ကျပ် ထုတ်ပြန်ထားပြီး တပိသာ ၅၆၅၀ စျေးနဲ့ ငါးဆယ်သား ဝယ်ယူနိုင်တဲ့ဆိုင်မှာ ပြန်လည်တန်းစီဝယ်ယူလာကြတာပါ။
ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလက ပြည်ပကစားအုန်းဆီတင်သွင်းရောင်းချရာမှာ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ စျေးနှုန်းထက်ပိုပြီး စျေးတင်ရောင်းချတာကို အရေးမယူခဲ့တဲ့ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ထောင်ဒဏ်တသက်ချမှတ်ခဲ့ပါတယ်။
အဲ့ဒီနောက် ပြည်တွင်းစားအုန်းဆီဖြန့်ဖြူးမှုကို တနိုင်တပိုင်လုပ်ကိုင်သူတွေကို ဖြန့်ပေးခဲ့ပြီးတဲ့နောက် စားအုန်းဆီအလွယ်တကူဝယ်ယူရရှိခဲ့ပြီး အခုရက်ပိုင်းအတွင်းမှာ စားအုန်းဆီအကျပ်တည်းက ပြန်လည်ဖြစ်ပွားလာတာပါ။