မွန်ပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်းတနေရာကနေ ရိက္ခာဝယ်ထွက်လာတဲ့ ဗိုလ်မှူးအဆင့်ရှိ စစ်တပ်အရာရှိတဦးကို ဇွန် ၆ ရက်မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ဖမ်းဆီးခံရသူဟာ မွန်ပြည်နယ်၊ ရေးမြို့၊ မော့ကနင် ခလရ ၁၀၆ က တပ်ခွဲမှူး ကိုယ်ပိုင်အမှတ် ကြည်း ၄၉၉၁၀ ဗိုလ်မှူးသန်းနိုင်စိုး ဖြစ်ပါတယ်။
အဆိုပါဗိုလ်မှူးဟာ စခန်းအတွက် ဈေးဝယ်ထွက်ဖို့ ကားမောင်းလာစဉ် KNLA ပူးပေါင်းတပ်ဖွဲ့က စစ်ဆေးရှာဖွေရာမှာ ကားပေါ်မှာ ပါလာတဲ့ MA 3 တလက်နဲ့ MA 5 တလက်တို့ကို တွေ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဟုတ်မှန်ကြောင်း ထွက်ဆိုခဲ့တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့က ပြောပါတယ်။
စစ်ဆေးချက်အရ စစ်ကောင်စီတပ်က ဗိုလ်တွေရာ တပ်သားတွေပါ ရှေ့တန်းမှာ စိတ်ဓာတ်ကျဆင်းနေကြပြီး အားနည်းလာတဲ့ အခြေအနေတခု ရောက်နေကြောင်း ဗိုလ်မှူးသန်းနိုင်စိုးက ထွက်ဆိုတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိထားတဲ့ ဗိုလ်မှူးသန်းနိုင်စိုးကို အရေးယူမှုတွေ လုပ်ဆောင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ တပ်ရင်း ၁၆ နယ်မြေ စစ်ဌာနချုပ်ကို ပို့ဆောင်ပြီး ဆက်လက်စစ်ဆေးသွားမယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။