Home
နိုင်ငံတကာ
Nvidia က Apple ကိုကျော်ပြီး ကမ္ဘာ့ဒုတိယတန်ဖိုးအကြီးဆုံးကုမ္ပဏီ ဖြစ်လာ
DVB
·
June 6, 2024
Photo - Reuters

AI အသိဉာဏ်ရည်တု ချစ်ပ်ပြားတွေ ထုတ်လုပ်တဲ့ Nvidia ကုမ္ပဏီဟာ ဒေါ်လာ ထရီလီယံ ၃ သန်းနဲ့  Apple ကို ကျော်ဖြတ်ပြီး ကမ္ဘာအဆင့် ဒုတိယတန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။

ဆီလီကွန်တောင်ကြားမှာ Nvidia ရဲ့ စျေးကွက်တန်ဖိုးက အရှိန်အဟုန်နဲ့ Apple ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Nvidia ရဲ့ နောက်ဆုံးနေ့ စတော့စျေးကွက် တိုးတက်မှုက ၅ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး Apple က ၀ ဒသမ ၈ ရာခိုင်နှုန်းသာရှိတာ တွေ့ရပါတယ်။

မိုက်ခရိုဆော့ဖ် ကုမ္ပဏီကတော့ ၁ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ပိုင်ဆိုင်မှု ၃ ဒသမ ၁၅ ထရီလီယံနဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံး  ကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။

Apple ကုမ္ပဏီဟာ iPhone ရောင်းချတဲ့နေရာမှာ တရုတ်နိုင်ငံနဲ့ ကမ္ဘာ့ဖုန်းစျေးကွက်ကို အဓိကယှဥ်ပြိုင်နေရပြီး ဝယ်လိုအားကျဆင်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013