ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားနှုန်း ၈ နှစ်ဆက်တိုက် စံချိန်တင် ကျဆင်းခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
ဒီဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်မှာ ကလေးမွေးနှုန်းဟာ ၁ ဒသမ ၂ ရှိခဲ့ပြီး ဒီနှစ်မှာတော့ ၂ ဒသမ ၁ သာရှိပြီး စံချိန်တင် ကျဆင်းလာတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ လူဦးရေ ၁၂၄ သန်း နေထိုင်ပြီး ကလေးမွေဖွားနှုန်း ၈ နှစ်ဆက် ကျဆင်းလာတာကြောင့် မိဘတွေကို ပိုပြီးထောက်ပံ့ဖို့ သက်ဆိုင်ရာက ပြင်ဆင်မှုတွေ ပြုလုပ်လာပါတယ်။
“ကလေးမွေးဖွားနှုန်း ကျဆင်းလာတာက အကျပ်အတည်းတခုဖြစ်ကြောင်း၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ အလုပ်အကိုင် ရှားပါးမှုတွေ စတဲ့ အကြောင်းအရာတွေ အများကြီးက ကလေးမွေးဖွားနှုန်း ကျဆင်းလာတာဖြစ်ကြောင်း” ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော် ပြောဆိုထားပါတယ်။
ကလေးမွေးဖွားနှုန်း ကျဆင်းတာဟာ ဖွံ့ဖြိုးပြီးနိုင်ငံတိုင်း ရင်ဆိုင်ရတဲ့ ပြဿနာတခုပဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ကလေးမွေးဖွားနှုန်း အနည်းဆုံးနိုင်ငံအဖြစ် တောင်ကိုရီးယားနိုင်ငံက ၀ ဒသမ ၇၂ နဲ့ အောက်ဆုံးရောက်နေပြီး ဂျပန်နိုင်ငံထက် ေလျာ့နည်းပါတယ်။
မော်ရိုကိုနိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံဟာ ကလေးမွေးဖွားနှုန်း တိုးတက်လာဖို့ နည်းလမ်းတွေ ရှာဖွေနေပါတယ်။
မိဘတွေကို ထောက်ပံ့ပေးဖို့၊ ကလေးစောင့်ရှောက်တဲ့ ဝန်ဆောင်မှုတွေ ပိုပေးနိုင်ဖို့ မိဘတွေ ခွင့်ခံစားခွင့် ပိုပေးနိုင်ဖို့ ပါလီမန်ကနေ ဗုဒ္ဓဟူးနေ့က အတည်ပြုပေးခဲ့ပါတယ်။
ကလေးမွေးဖွားနှုန်း ပိုကောင်းဖို့ ပထမခြေလှမ်းအနေနဲ့ Dating app ကို သုံးစွဲမှု ပိုများအောင် အာဏာပိုင်တွေက ဒီနှစ်နွေရာသီမှာ အမြန်ဆုံး စတင်အကောင်အထည်ဖော်ဖွယ် ရှိပါတယ်။
Source-Reuters