မေလမှာ နှင်းခါးရိုက်လို့ ရုရှားနိုင်ငံက ဒေသ ၂၁ ခုမှာ ကောက်ပဲသီးနှံတွေ ၁ ရာခိုင်နှုန်းကျော် ထိခိုက် ပျက်စီးခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောလိုက်ပါတယ်။
နှင်းခါးရိုက်လို့ ရုရှားအလယ်ပိုင်း၊ တောင်ပိုင်းက ဗော်လ်ဂါဒေသနဲ့ လူဟန့်စ်ခ်ဒေသတွေမှာ ကောက်ပဲသီးနှံ ဟက်တာ တသန်းကျော် ပျက်စီးခဲ့လို့ စုစုပေါင်း စိုက်ပျိုးမြေရဲ့ ၁ ဒသမ ၂ ရာခိုင်နှုးန် ပျက်စီးခဲ့တယ်၊ လောလောဆယ် နေရာအများစုမှာ ပြန်စိုက်ပျိုးလို့ပြီးပြီလို့ ရုရှားစိုက်ပျိုးရေးဝန်ကြီး အောက်ခ်စာနာ လုခ်က ပြောပါတယ်။
ဒီအခြေအနေကြောင့် ဒေသ ၁၁ ခုမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရတယ်၊ စိုက်ပျိုးရေး ဝန်ကြီးဌာနက ပြည်ထောင်စု အရေးပေါ်စနစ်ကို မိတ်ဆက်နေပြီလို့လည်း သူက ပြောပါတယ်။
အာဏာပိုင်တွေက အခုနှစ်အတွက် စပါးရိတ်သိမ်းမှု ခန့်မှန်းချက်ကို တန်ချိန် ၁၃၂ သန်းနဲ့ ထိန်းသိမ်းထားပြီး လာမယ့် စိုက်ပျိုးရေးနှစ်အတွက် စပါးတင်ပို့မှု ခန့်မှန်းချက်မှာ တန်ချိန် သန်း ၆၀ ရှိတယ်လို့ ရုရှားစိုက်ပျိုးရေးဝန်ကြီးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Source-Reuter