ဗြိတိန်နိုင်ငံမှာ ကွယ်လွန်သူ အဲလိဇဘက်ဘုရင်မကြီးကို ဆက်ခံတဲ့ နိုင်ငံ့ခေါင်းဆောင်အဖြစ် ၂ နှစ်နီးပါးအကြာ ဇွန် ၅ ရက်မှာ ချားလ်စ်ဘုရင် ပုံတူပါရှိတဲ့ ငွေစက္ကူတွေဟာ နိုင်ငံတဝန်းကို ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။
ချားလ်စ်ဘုရင်ရဲ့ရုပ်ပုံဟာ အင်္ဂလန်ဘဏ်က ထုတ်ဝေတဲ့ ၅ ပေါင်၊ ၁၀ ပေါင်တန် ငွေစက္ကူတွေနဲ့ ပေါင် ၂၀ တန်၊ ပေါင် ၅၀ တန် ငွေစက္ကူအသစ်တွေမှာ ပေါ်လာမှာဖြစ်ပါတယ်။
ဒီအစီအမံဟာ တော်ဝင်အိမ်တော်ရဲ့ လမ်းညွှန်ချက်နဲ့အညီဖြစ်ပြီး ဒီပြောင်းလဲမှုရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဘဏ္ဍာရေးဆိုင်ရာ သက်ရောက်မှုတွေကိုလည်း လျှော့ချထားပါတယ် လို့ အင်္ဂလန်ဘဏ်က ပြောပါတယ်။
ဒါဟာ တတိယမြောက် ချားလ်စ်ဘုရင်ရဲ့ မှတ်တမ်းမှတ်ရာ အသစ်တွေကို အများပြည်သူတွေ တဖြည်းဖြည်း မြင်တွေ့လာရလိမ့်မယ်လို့ ဆိုလိုကြောင်းလည်း ဘဏ်ကပြောပါတယ်။
အင်္ဂလန်မှာ နှစ်ပေါင်း ၁,၀၀၀ ကျော်ကြာ ဘုရင်တွေနဲ့ မိဖုရားတွေရဲ့ ရုပ်ပုံတွေကို ဒင်္ဂါးတွေမှာ ရိုက်နှိပ်ခဲ့တဲ့ အစဉ်အလာနဲ့ ဆန့်ကျင်ပြီး ဘုရင်မကြီး အဲလိဇဘက်ရဲ့ ရုပ်ပုံကို ဗြိတိန်ငွေစက္ကူတွေပေါ်မှာ ရိုက်နှိပ်ခဲ့တာက ပထမဆုံး ဖြစ်ပါတယ်။
ချားလ်စ်ရဲ့ ရုပ်ပုံပါတဲ့ ဒင်္ဂါးပြားတွေ ရိုက်ထုတ်ခဲ့ပြီးနောက် သိပ်မကြာခင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ငွေစက္ကူအသစ်ရဲ့ ဒီဇိုင်းကို ထုတ်ပြခဲ့ပါတယ်။ ဘုရင်အသစ်ရဲ့မျက်နှာပုံ ပြောင်းလဲလိုက်တာကလွဲလို့ ငွေစက္ကူတွေရဲ့ဒီဇိုင်းကိုတော့ မပြောင်းလဲထားပါဘူး။
Source-Reuters