မက္ကဆီကိုနိုင်ငံမှာ ပထမဆုံးအကြိမ် အမျိုးသမီးသမ္မတအဖြစ် ရှိန်းဘောင်း ရွေးချယ်ခံရမှု အောင်ပွဲခံပြီးနောက် အမျိုးသမီးမြို့တော်ဝန် လုပ်ကြံခံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက ကိုတီဂျာမြို့ မြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ယိုလန်ဒါဆန်းချက်ဇ်ဟာ တနင်္ဂလာနေ့က သေနတ်သမားတွေရဲ့ ပစ်ခတ်လုပ်ကြံခြင်း ခံခဲ့ရတာဖြစ်ပြီး တရားခံကို ဖမ်းဆီးရမိတာမျိုးလည်း မရှိခဲ့ပါဘူး။
ယိုလန်ဒါဆန်းချက်ဇ်ဟာ အမျိုးသမီးတွေထဲမှာ ပထမဆုံးမြို့တော်ဝန်အဖြစ် ရွေးချယ်ခဲ့ရသူ တဦးလည်း ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေကို အကြမ်းဖက်လုပ်ကြံမှုက အမျိုးသမီးနှစ်ဦး ယှဥ်ပြိုင်ခဲ့တဲ့ မက္ကဆီကိုနိုင်ငံ အထွေထွေရွေးကောက်ပွဲကို လွှမ်းမိုးစေခဲ့ပါတယ်။
ယိုလန်ဒါဆန်းချက်ဇ်ဟာ တနင်္ဂလာနေ့က ကိုတီဂျာမြို့လယ်မှာ သေနတ်သမားတွေရဲ့ ချောင်းမြောင်းလုပ်ကြံမှု ခံခဲ့ရတာ ဖြစ်ပါတယ်။
ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဆန်းချက်ဇ်ဟာ သေနတ်နဲ့ ၁၉ ချက် အပစ်ခံခဲ့ရပြီး ဆေးရုံမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒီလုပ်ကြံခံရမှုမှာ ဆန်းချက်ဇ်ရဲ့ သတ်တော်စောင့်တဦးလည်း သေနတ်အပြန်အလှန် ပစ်ခတ်မှုမှာ သေဆုံးခဲ့ပါတယ်။
ဆန်းချက်ဇ်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလက မြို့တော်ဝန်ရာထူးကို စတင်တာဝန်ယူပြီးနောက် အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်က ဂျာလစ်ကိုပြည်နယ်ကို အလည်အပတ်သွားတုန်းကလည်း သေနတ်သမားတွေရဲ့ ၃ ရက်ကြာ ပြန်ပေးဆွဲခံခဲ့ရသူ ဖြစ်ပါတယ်။
အဲဒီအဖြစ်အပျက်ပြီးကတည်းက ဆန်းချက်ဇ်ဟာ လက်နက်ကိုင် သက်တော်စောင့်တဦး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
Source-Reuters