Home
နိုင်ငံတကာ
ထိုင်းတွင် သတို့သားက သတို့သမီးကိုယ်အလေးချိန်နှင့်အညီ ရွှေသား ဘတ် ၁၂၀ ဖြင့် တင်တောင်း 
DVB
·
June 5, 2024
photo Crd-khaosod

ထိုင်းနိုင်ငံက ပြီးခဲ့တဲ့ လကုန်ပိုင်းတွင်း ကျင်းပသွားတဲ့ မင်္ဂလာဧည့်ခံပွဲတခုမှာ သတို့သားဘက်က သတို့သမီးရဲ့ ကိုယ်အလေးချိန် ၁၂၀ ကီလိုဂရမ်နဲ့အညီ ရွှေသားအလေးချိန် ဘတ် ၁၂၀ နဲ့  တင်တောင်းခဲ့တဲ့အကြောင်း လူမှုကွန်ရက်မှာ ဂယက်ထသွားပါတယ်။ 

အဆိုပါမင်္ဂလာဆောင်ပွဲမှာ ထိုင်းနိုင်ငံအလယ်ပိုင်း ပထုန်ဌာနီခရိုင် ဆာမ်ခလုတ်မြို့နယ် ခလောင်းခွိုင်းရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ကျင်းပခဲ့တာပါ။ 

သတို့သားမှာ ထိုင်းအရှေ့မြောက်ပိုင်း အိဆန်ဒေသကနေ လူကြီးမိဘစုံလင်စွာနဲ့  စီတန်း လှည့်လည်ပြီး သတို့သမီးကို လာရောက်တောင်းရမ်းခဲ့ပါတယ်။ 

မင်္ဂလာလက်ဖွဲ့ထည့်ထားတဲ့ ရွှေကလပ်ကို ဖွင့်လှစ်လိုက်ရာမှာတော့ ပွဲလာပရိသတ်အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ အကြောင်းမှာ မင်္ဂလာသတို့သမီးရဲ့ ကိုယ်အလေးချိန် ၁၂၀ ကီလိုဂရမ်နဲ့ ကိန်းဂဏန်းတူတဲ့ ရွှေချောင်း နဲ့ ရွှေထည်ပစ္စည်း စုစုပေါင်း အလေးချိန် ဘတ် ၁၂၀ နဲ့ တင်တောင်းထားလို့ပါ။ 

ဒါတင်မကဘဲ ၃ ကာရက်အလေးချိန်ရှိ စိန်လက်စွပ် ၂ ကွင်း နဲ့ ငွေသား ဘတ် ၄၀၀,၀၉၉ လည်း ပါဝင်ပါတယ်။ 

သတို့သားမှာ နိုင်းကလိန်းကိုင်း ခေါ်  ဂျို့ ဆိုသူ အင်ဂျင်နီယာတဦးဖြစ်ပြီး သတို့သမီးမှာ ကောဝလင်း ကစ်သီဝမ်း ခေါ်  အဲန်းနားဆိုသူဖြစ်ပါတယ်။ 

သူတို့နှစ်ဦးဟာ ငယ်စဉ်ကတည်းက ကျောင်းနေဘက်တွေဖြစ်ပြီး တက္ကသိုလ်ရောက် တော့လည်း  အင်ဂျင်နီယာလိုင်းအတူယူပြီး ဘွဲ့ရခဲ့တာပါ။ 

လူမှုကွန်ရက်မှာ သတို့သမီးကို အားကျနေကြပြီး အဲဒီလိုကိုယ်အလေးချိန်နဲ့အညီ ရွှေတင် တောင်းမယ့်သူရှိရင်တော့ ကိုယ်အလေးချိန်တိုးအောင် များများစားထားရမယ်လို့လည်း နောက် ပြောင်ကျီစယ်နေကြပါတယ်။ 

ကိုးကား - Thairath / Khaosod News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013