Home
နိုင်ငံတကာ
အစ္စရေး တိုက်ခိုက်မှုကြောင့် ဂါဇာတွင် အနည်းဆုံး လူ ၁၉ ဦး သေဆုံး
DVB
·
June 5, 2024
Photo - REUTERS/Ramadan Abed

အစ္စရေးရဲ့ အမြောက်ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇွန် ၄ ရက်က ဂါဇာ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပြီး တောင်ပိုင်း ရာဖာမြို့မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးပို့ရာမှာ ကူညီကာကွယ်ပေးနေတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးလည်း သေဆုံးတဲ့အထဲ ပါဝင်သွားတယ်လို့ ပါလက်စတိုင်း ဆေးပညာရှင်တွေက ပြောပါတယ်။

သေဆုံးသူတွေထဲက ၁၇ ဦးဟာ ဂါဇာအလယ်ပိုင်းရှိ ဒေရ် အယ်လ်ဘာလာမြို့နဲ့ အယ်လ်ဘူရေ့ဂျ်နဲ့ အယ်လ် မာဂါဇီ ဒုက္ခသည်စခန်းတွေမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားရပြီး အင်္ဂါနေ့နှောင်းပိုင်းမှာ တင့်ကားတွေဟာ အယ်လ်-နူဆေရတ် စခန်းအရှေ့ဘက်ရှိ ဧရိယာတခုကို ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း ဒေသခံတွေက ပြောကြားခဲ့ပါတယ်။

အသစ်ပြန်လုပ်ဆောင်လာတဲ့ အစ္စရေးစစ်တပ်ရဲ့ တွန်းထိုး တိုက်လာမှုကြောင့် ထိတ်လန့်ခဲ့ကြရပြီး အယ်လ် မာဂါဇီ စခန်းရှိ ဆေးခန်းတခုအနီးကို အမြောက် ၄ ချက် ပစ်ခတ်ခံရတာကြောင့် အဲဒီမှာနေထိုင်ကြတဲ့ မိသားစုတချို့လည်း တင့်ကားပစ်ခတ်နေတဲ့ကြားကပဲ ထွက်ပြေးခဲ့ကြရပါတယ်။

အစ္စရေးစစ်တပ်က ဒီနေ့အစောပိုင်း ထုတ်ပြန်ခဲ့တဲ့ အကျဉ်းရုံးကြေညာချက်ထဲမှာ ဂျက်လေယာဉ်တွေဟာ ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ ဟားမတ်စ် စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး မြေပြင်တပ်ဖွဲ့တွေကလည်း အယ်လ်ဘူရေ့ဂျ် ဧရိယာမှာ ထောက်လှမ်းရေး လမ်းညွှန်ချက်နဲ့ အထူးဂရုပြု လှုပ်ရှားနေကြောင်း ပြောထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013