Home
နိုင်ငံတကာ
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဆော်ဒီအာရေဗျတွင် အိမ်ရှင်အဖြစ် ကျင်းပ
DVB
·
June 5, 2024
Photo-UN

ဇွန်လ ၅ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ လှုပ်ရှားမှုကို  ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့မြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပပါတယ်။

၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ မြေဆီလွှာထိန်းသိမ်းခြင်း၊ သဲကန္တာရဖြစ်ခြင်း၊ မိုးခေါင်မှုကို ခံနိုင်ရည်ရှိဖို့ အဓိက ရည်ရွယ်ထားပြီး ဒီပြဿနာတွေကို ဆော်ဒီအာရေဗျနိုင်ငံအနေနဲ့ အဓိက အဖြေရှာဖို့လိုအပ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံအနေနဲ့ ဆော်ဒီမြေမှာ စိမ်းလန်းဖို့ ပထမလုပ်ဆောင်ရမှာဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းဒေသမှာ စိမ်းလန်းစိုပြည်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံအနေနဲ့ G20 အဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရတဲ့အချိန်မှာ ကမ္ဘာလုံးဆိုင်ရာ မြေဆီလွှာပျက်စီးမှု ထိန်းသိမ်းရေးလုပ်ငန်းတွေကို အလေးပေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ကမ္ဘာ့လေထုညစ်ညမ်းမှု ၃ ဆ တိုးလာမှုကလည်း စိတ်ပူစရာကိစ္စတခု ဖြစ်ပြီး အဓိက ပြဿနာအနေနဲ့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ လေထုညစ်ညမ်းလာမှုက ရာသီဥတုကို ပြောင်းလဲစေမှု၊ သဘာဝတရား၊ အပင်နဲ့ တိရစ္ဆာန်တို့ ပျက်စီးမှုတွေနဲ့ ကြုံတွေ့နိုင်ပြီး လေထုညစ်ညမ်းမှုနဲ့ စွန့်ပစ်နေရာဒေသများအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

ဒီအကျပ်အတည်းက သက်ရှိပတ်ဝန်းကျင်အဖွဲ့အစည်းကို ထိခိုက်စေမယ့် အဓိကအချက် ဖြစ်လာမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဒီလို အဖြစ်အပျက်တွေကြောင့် မြေဧက ဟက်တာပေါင်း ဘီလီယံနဲ့ချီပြီး မြေအရည်အသွေးနိမ့်ပါးမှု ဖြစ်ပွားနေရပြီး ကမ္ဘာ့လူဦးရေရဲ့ တဝက်ကို ထိခိုက်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီကိုလည်း ထိခိုက်လာနိုင်ပါတယ်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ၁၉၇၃ ခုနှစ်က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှု၊ လေထုညစ်ညမ်းလာမှု၊ မြေဆီလွှာပျက်စီးလာမှု၊ သက်ရှိပတ်ဝန်းကျင်အဖွဲ့ ပျက်စီးလာမှု၊ တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခံရမှုတို့ကို သတိပြုမိဖို့ ဇွန်လ ၅ ရက်နေ့ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013