Home
နိုင်ငံတကာ
ဇာပိုရစ်ချ်ဇီယာ နျူဓာတ်အားပေးစက်ရုံ ပြန်လည်ပတ်ရန် ဘေးမကင်းသေးဟု IAEA ပြော
DVB
·
June 5, 2024
Photo-Reuters

ယူကရိန်းနိုင်ငံအတွင်း ရုရှားက ထိန်းချုပ်ထားတဲ့ ဇာပိုရစ်ချ်ဇီယာ နျူးကလီးယား ဓာတ်အားပေးစက်ရုံဝန်းကျင်မှာ စစ်မီးတောက်လောင်နေသရွေ့ စက်ရုံကို ပြန်စတင် လည်ပတ်ဖို့ ဘေးမကင်းဘူးလို့ ကုလသမဂ္ဂ နျူးကလီးယား စောင့်ကြည့်ရေးအဖွဲ့ IAEA ရဲ့ အကြီးအကဲ ရာဖယ် ဂရောက်ဇီက ဇွန် ၃ ရက်မှာ ပြောလိုက်ပါတယ်။

ဥရောပရဲ့ အကြီးဆုံး နျူးကလီးယား ဓာတ်အားပေးစက်ရုံဖြစ်တဲ့ ဒီစက်ရုံကို ပြန်စတင် လည်ပတ်ဖို့ ရုရှားအစိုးရက မျှော်လင့်ထားတာပါ။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဒီစက်ရုံကို ပြန်စဖို့ မျှော်လင့်ထားတယ်လို့ သူ့ကို ပြောခဲ့အပြီး ဂရောက်ဇီဟာ အရင်အပတ်က ပူတင် အပါအဝင် အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဘေးကင်းရေးအကြောင်းပြချက်နဲ့အတူ ဒီစက်ရုံထဲက ဓာတ်ပေါင်းဖို ၆ လုံးကို ပိတ်ထားဖို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA က ထောက်ခံချက် ပေးထားပါတယ်။

“ရုရှားတွေမှာ နျူးကလီးယား ဓာတ်အားပေးစက်ရုံကို ဖျက်သိမ်းဖို့ အစီအစဉ် မရှိပါဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ လိုတယ်ဆိုတာ အချက်ပြတာပါ” လို့ ဂရောက်ဇီက IAEA ရဲ့ ၃၅ နိုင်ငံက အုပ်ချုပ်ရေးမှူးများ ဘုတ်အဖွဲ့ရဲ့ သုံးလပတ် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

စက်ရုံကို ပြန်အသက်သွင်းဖို့ လောလောဆယ် အစီအစဉ် မရှိသေးဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ် အစည်းအဝေးအပြီးမှာ ရုရှားက ပြောခဲ့ပါတယ်။

စက်ရုံကို ဘေးကင်းကင်း ပြန်စတင်လည်ပတ်တာ မလုပ်မီ အရေးကြီးတဲ့ အဆင့်တချို့လုပ်ဖို့ လိုတယ်လို့လည်း ဂရောက်ဇီက ပြောခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013