မန်ယူတောင်ပံ ကစားသမားဂါနာချိုရဲ့အစ်ကိုဖြစ်သူ မှတ်ချက်ကြောင့် နည်းပြတန်ဟတ်ဂ် ထုတ်ပယ်ခံရလိမ့်မယ်လို့ မန်ယူပရိသတ်တွေက ယုံကြည်နေပါတယ်။
နည်းပြတန်ဟတ်ဂ်ဟာအသင်းကို အက်ဖ်အေဖလား ရရှိအောင်စွမ်းဆောင်ပေးခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၈ မှာ ရပ်တည်ခဲ့တာကြောင့် အသင်းဘက်က ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်နေတာပါ။
ဒီအခြေအနေမှာ ဂါနာချိုရဲ့ အစ်ကိုဖြစ်သူက နည်းပြတန်ဟတ်ဂ် ရာထူးကနေ ထုတ်ပယ်ခံရမယ်လို့ ယူဆပြီး အသင်းအတွက် ဆုတောင်းပေးကြဖို့ တွစ်တာကနေ ရေးသားခဲ့တာပါ။
ဇွန် ၅ ရက်မှာ နည်းပြတန်ဟတ်ဂ်အသင်းကနေ ထွက်ခွါသွားမယ့်အပေါ် အဆုံးရွားဆုံးနေ့ ဖြစ် ကြောင်း ရေးသားထားတဲ့ တွစ်တာအသုံးပြုသူတဦးရဲ့ ပို့စ်ကို ပြန်လည်ဝေမျှပြီး မှတ်ချက် ရေးသားခဲ့တာပါ။
ရောဘတ်တိုဂါနာချိုဟာ အဲဒီပို့စ်ကို နောက်ပိုင်းမှာ ပြန်ဖျက်သွားခဲ့ပါတယ်။ မန်ယူပရိသတ်တွေကတော့ ဇွန် ၅ ရက်မှာ မန်ယူအသင်းဘက်က နည်းပြတန်ဟတ်ဂ်နဲ့ လမ်းခွဲကြောင်း သတင်းထုတ်ပြန်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။