ယူအီးအက်ဖ်အေဟာ အသင်းပိုင်ရှင်တဦးတည်းဖြစ်နေတဲ့ မန်ယူနဲ့ နိစ်အသင်းနှစ်သင်းစလုံးကို ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။
မန်ယူနိုက်တက်နဲ့ ပြင်သစ်ကလပ် နိစ်အသင်းတို့ကို ဆာဂျင်ရတ်ကလစ်ဖ်ပိုင်ဆိုင်တဲ့ကုမ္ပဏီက ပိုင်ဆိုင်တဲ့အသင်းတွေဖြစ်ပါတယ်။
ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ အသင်းပိုင်ရှင်တူညီတဲ့အသင်းတွေဟာ တူညီတဲ့ပြိုင်ပွဲတခုအောက်မှာ ယှဉ်ပြိုင်ဖို့ရှိလာရင် အသင်းတသင်းကိုပဲ ယှဉ်ပြိုင်ခွင့်ပြုမယ်လို့ ပါရှိထားတာပါ။
ဒါပေမဲ့ ယူအီးအက်ဖ်အေဘက်ကတော့ မန်ယူအသင်းနဲ့ နိစ်အသင်းတွေကို ယူရိုပါလိဂ်ဝင်ခွင့်ပေးဖို့ဆုံးဖြတ်မယ်လို့ သိရပါတယ်။
မန်ယူအသင်းကိုပူးတွဲပိုင်ဆိုင်တဲ့ INEOS ဘက်ကတော့ တဦးတည်းပိုင်နှစ်သင်း ယူရိုပါလိဂ် ယှဉ်ပြိုင်ခွင့်နဲ့ ပတ်သက်လို့ ယူအီးအက်ဖ်အေနဲ့ ဆွေးနွေးညှိနှိုင်းနေပြီး နှစ်သင်းစလုံး ယှဉ်ပြိုင်ခွင့်ရဖို့ ယုံကြည်ကြောင်း ထုတ်ပြန်ထားပါတယ်။
Photo-Reuters