အိန္ဒိယရွေးကောက်ပွဲမှာ ခန့်မှန်းထားကြသလိုပဲ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီရဲ့ ဘာရာတီယာဂျနာတာပါတီ (BJP) ဟာ စံချိန်တင် သုံးကြိမ်ဆက်တိုက် နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မျှော်လင့်ထားသလို တောင်ပြိုကမ်းပြိုမနိုင်ဘဲ ၂၀၁၉ တုန်းကထက်တောင် အမတ်နေရာ ၆၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ တရားဝင်ကြေညာပြီး မဲရလဒ်တွေက ဖော်ပြပါတယ်။
အမတ်နေရာ ၅၄၃ နေရာမှာ ၅၄၂ နေရာ သိရပြီးချိန်မှာ BJP ဟာ နေရာ ၂၄၀ ပဲ နိုင်ထားပါတယ်။ အစိုးရဖွဲ့ဖို့ အနည်းဆုံး ၂၇၂ နေရာ လိုအပ်တာကြောင့် တပါတီတည်း အစိုးရမဖွဲ့နိုင်ဘဲ BJP ဦးဆောင်တဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် (NDP) တခုလုံးပေါင်း ၂၉၀ ကျော်တဲ့အတွက်သာ အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။
၂၀၁၉ တုန်းက BJP တပါတီတည်းတင် ၃၀၀ ကျော် ရခဲ့တာကြောင့် ညွန့်ပေါင်းထဲက ကျန်ပါတီငယ်တွေကို အရေးစိုက်စရာ မလိုခဲ့ပါဘူး။
အဓိက အတိုက်ခံ ကွန်ဂရက်ပါတီဟာ ၉၉ နေရာပဲ နိုင်ခဲ့ပေမဲ့ ၂၀၁၉ တုန်းကထက်စာရင် နှစ်ဆ ပြန်တိုးလာခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကွန်ဂရက်ပါတီဦးဆောင်တဲ့ INDIA မဟာမိတ်အဖွဲ့ တခုလုံးပေါင်းရင် ၂၃၀ တောင် ရတာကြောင့် အားကောင်းတဲ့ အတိုက်အခံအင်အားစု ပြန်ဖြစ်လာပါတယ်။
Source-Reuters