သီရိလင်္ကာနိုင်ငံမှာ မုတ်သုံမိုး အကြီးအကျယ်ရွာအပြီး ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတာတွေ ဇွန် ၂ ရက်မှာ ဖြစ်ခဲ့လို့ လူ ၁၂ ယောက်ထက်မနည်း သေဆုံးပြီး တခြားလူ ၅ ယောက် ပျောက်နေတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
ခရိုင် ၂၅ ခုရှိတဲ့ ကျွန်းနိုင်ငံလေးထဲမှာ ခရိုင် ၂၀ မှာ ရေကြီးနေပြီး ၅ ခရိုင်ကတော့ မြစ်တွေ အတော်များများက စိုးရိမ်ရေမှတ်ကို ရောက်နေပြီဖြစ်လို့ အကြီးစားရေကြီးမှု သတိပေးချက် ထုတ်ပြန်ထားရတယ်လို့ သီရိလင်္ကာ ကပ်ဘေးစီမံရေးဌာနက ပြောပါတယ်။
နိုင်ငံတဝန်း လူ ၄၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး မိုးကြီးလို့ အပင်တွေ အမြစ်ကနေ ကျွတ်ထွက်ခဲ့တယ်၊ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်ကျခဲ့ပြီး လူထောင်သောင်းချီ ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ အေဂျင်စီက ပြောပါတယ်။
သီရိလင်္ကာ အလယ်ပိုင်းမှာ မိုးရေချိန် ၄၈၀ မီလီမီတာနဲ့ အမြင့်ဆုံး စံချိန်တင်ခဲ့တယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။
နိုင်ငံတလွှားမှာ ဇွန် ၃ ရက်က ကျောင်းတွေပိတ်ခဲ့ရပြီး တောင်ပိုင်းမှာတော့ ဇွန် ၅ ရက်အထိ ကျောင်းတွေပိတ်ထားမှာ ဖြစ်ပါတယ်။
လာမယ့်ရက်တွေအတွင်း မုတ်သုံမိုးတွေ ဆက်ရွာဦးမယ်လို့ မျှော်လင့်ထားပါတယ်။
Source-Reuters