တရုတ်ချန်အဲ-၆ လဆင်းယာဉ်ဟာ လရဲ့ တခြားတဖက်ခြမ်းကနေ ပြန်လည်ထွက်ခွာလာပြီး ကမ္ဘာမြေရှိရာကို ဦးတည်လာနေပြီလို့ တရုတ်အမျိုးသားအာကာသ အေဂျင်စီက ဇွန် ၄ ရက်မှာ ကြေညာပါတယ်။
ဒီယာဉ်သာ ကမ္ဘာမြေကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ရင် တရုတ်ဟာ ကမ္ဘာမြေနဲ့ ဆန့်ကျင်ဘက်ကိုပဲ အမြဲမျက်နှာမူနေတဲ့ လရဲ့ မှောင်နေတဲ့ဘက်ခြမ်းက မြေသားနဲ့ ကျောက်သားနမူနာယူနိုင်တဲ့ ပထမဆုံးနိုင်ငံအဖြစ် သမိုင်းမှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။
လဆင်းယာဉ်ဟာ ဇွန် ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ လပေါ်က မြေသားနဲ့ ကျောက်သားနမူနာတွေ စုဆောင်းအပြီး ၄ ရက်နေ့ ပေကျင်းစံတော်ချိန် မနက် ၇ နာရီ ၃၈ မိနစ်မှာ လပေါ်ကနေ ပြန်လည်ထွက်ခွာလာတာ ဖြစ်ပါတယ်။
လရဲ့ ကမ္ဘာဘက်မျက်နှာမူတဲ့ အခြမ်းက မြေသားနမူနာသယ်ခဲ့တဲ့ ချန်အဲ-၅ နဲ့ယှဉ်ရင် အခု ချန်အဲ-၆ က နည်းပညာပိုင်း စိန်ခေါ်မှု ပိုများပါတယ်။
ကမ္ဘာနဲ့ဆန့်ကျင်ဘက်ခြမ်းမှာ ဆင်းတာ၊ တက်တာ လုပ်တဲ့အတွက် ကမ္ဘာမြေနဲ့ တိုက်ရိုက်ဆက်သွယ် ချိတ်ဆက်လို့ မရပါဘူး။
ပြီးခဲ့တဲ့ ဧပြီလက ကြိုလွှတ်ထားတဲ့ လကိုပတ်နေတဲ့ ထပ်ဆင့်လွှင့်ဂြိုဟ်တု ကျူးကျောင်-၂ ကနေတဆင့် ချိတ်ဆက်ရတာ ဖြစ်ပါတယ်။
Source-Reuters