အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ သားဖြစ်သူ ဟန်တာဘိုင်ဒင် မူးယစ်ဆေးသုံးစွဲပြီး လက်နက်ဝယ်ယူမှုကို ကြားနာဖို့ ဂျူရီအဖွဲ့ကို ရွေးချယ်လိုက်ပြီဖြစ်ပြီး ဇွန် ၄ ရက်မှာ ကနဦး လျှောက်လဲချက်တွေ ပေးမှာဖြစ်ပါတယ်။
ဒဲလ်ဝဲပြည်နယ်မှာ စွဲဆိုခံထားရတဲ့ အမှုအတွက် ဂျူရီ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ အလှည့်ကျအဖြစ် ၄ ဦး ရွေးချယ်ခဲ့ပါတယ်။
ဟန်တာဘိုင်ဒင်ဟာ ပြစ်မှုကြောင်းအရ စွဲချက်တင်ခံရတဲ့ ပထမဆုံး တာဝန်ထမ်းဆဲသမ္မတရဲ့ သား ဖြစ်လာပါတယ်။
ဒေါ်နယ်ထရမ့်ပ်ဟာ ပြစ်မှုကြောင်းအရ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရတဲ့ ပထမဆုံး အမေရိကန်သမ္မတဟောင်း ဖြစ်လာပြီး လေးရက်အကြာမှာ ဟန်တာဘိုင်ဒင်အမှု စတင်တာဖြစ်ပါတယ်။
အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ဟန်တာဘိုင်ဒင်ဟာ ၂၀၁၉ ခုနှစ်က ခြောက်လုံံးပြူးဝယ်ယူမှုနဲ့ လက်ဝယ်ကိုင်ဆောင်မှုအတွက် စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။
ဟန်တာဘိုင်ဒင်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ ၂၀၁၈ တုန်းက ဆေးစွဲနေတဲ့အချိန် သေနတ်ဝယ်မိခဲ့တဲ့အကြောင်း ထည့်ရေးခဲ့တဲ့အတွက် အခုလို တရားစွဲခံရတာ ဖြစ်ပါတယ်။
ကော့တ် ကော်ဘရာ ပွိုင့် ၃၈ ခြောက်လုံးပြူး ဝယ်ယူချိန်မှာ တရားမဝင်ဆေးဝါး သုံးစွဲထားတာနဲ့ ပတ်သက်ပြီး လိမ်လည်ခဲ့တာ၊ အဲဒီလို လိမ်လည်ဝယ်ယူခဲ့တဲ့ လက်နက်ကို ၁၁ ရက်ကြာ တရားမဝင် လက်ဝယ်ထားရှိတာ စတဲ့စွဲချက်တွေနဲ့ စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဟန်တာဘိုင်ဒင်ကတော့ အပြစ်မရှိဘူးလို့ ထွက်ဆိုထားပါတယ်။
အခုအမှုအပြင် ကယ်လီဖိုးနီးယားပြည်နယ်မှာ အခွန်ကိစ္စ နောက်ထပ်တမှုလည်း ရင်ဆိုင်နေရပါတယ်။
Source-Reuters