အင်ဒိုနီးရှားနိုင်ငံရှိ အီဘူးမီးတောင်ဟာ ဇွန် ၄ ရက် မနက်ပိုင်းမှာ ထပ်မံပေါက်ကွဲခဲ့ပြီး မီးတောင်ပြာမှုန်တွေဟာ ကောင်းကင်ယံထဲ ၅ ကီလိုမီတာ အမြင့်ထိအောင် တိုးထွက် လွင့်ပျံသွားခဲ့ပါတယ်။
မီးတောင်အေဂျင်စီက မျှဝေထားတဲ့ အချက်အလက်တွေအရ မီးတောင်ပြာမှုန်တွေကို မှုတ်ထုတ်မှုဟာ ၂ မိနစ် ၂၈ စက္ကန့်လောက် ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။
အာဏာပိုင်တွေဟာ မီးတောင်ရဲ့ အချင်းဝက် ၇ ကီလိုမီတာကို ရှင်းလင်းထားဖို့ ညွှန်ကြားထားပါတယ်။
အာဏာပိုင်တွေဟာ အရင်ပေါက်ကွဲမှု ဖြစ်ပွားချိန်တွေတုန်းက အနီးနားရှိ ကျေးရွာ ၇ ရွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ လှုံ့ဆော်ထားခဲ့ပေမဲ့ ခုနောက်ဆုံးအကြိမ်မှာတော့ လှုံ့ဆော်မှုအသစ် ထပ်မထုတ်ပြန်ဖြစ်ခဲ့ပါဘူး။
မေလကတည်းက ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုတွေမှာ အင်္ဂါနေ့ဖြစ်ရပ်ကတော့ နောက်ဆုံးဖြစ်ရပ်အသစ်လို့ BNPB သဘာဝဘေးအန္တရာယ် အေဂျင်စီက ပြောပါတယ်။
Source-Reuters