တကယ်လို့ အမေရိကန်အစိုးရက ဟောင်ကောင်အရာရှိတွေအပေါ် ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေကို ကျင့်သုံး အကောင်အထည်ဖော်မယ်ဆိုရင် တရုတ်ကလည်း တန်ပြန် အရေးယူ ဆောင်ရွက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မော်နင်က ဇွန် ၃ ရက်မှာ ပြောလိုက်ပါတယ်။
ဟောင်ကောင်အရေးဟာ တရုတ်ပြည်တွင်းရေးဖြစ်ပြီး ဘယ် ပြည်ပအင်အားတွေကမဆို ဝင်ရောက်စွက်ဖက်လို့ မရနိုင်ဘူးလို့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း မော်နင်က ပြောပါတယ်။
ဟောင်ကောင်မှာ ဒီမိုကရေစီလိုလားတဲ့ စည်းရုံးလှုပ်ရှားသူတွေကို အမျိုးသားလုံခြုံရေး ဥပဒေနဲ့ တရားစွဲပြီး ပြစ်ဒဏ်စီရင်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဟောင်ကောင်နဲ့ တရုတ် အရာရှိတွေကို အမေရိကန်အစိုးရက ပြည်ဝင်ခွင့် ကန့်သတ်ချက်အသစ်တွေ ချမှတ်ခဲ့တယ်လို့ အမေရိကန်အစိုးရက မေ ၃၁ ရက်မှာ ကြေညာခဲ့ပါတယ်။
မေ ၃၀ ရက်က တရားရုံးစီရင်ချက်မှာ ဟောင်ကောင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၁၄ ဦးကို အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ၂ ဦးကို တရားသေ လွှတ်ပေးခဲ့ပါတယ်။
ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအချက်အချာ ဟောင်ကောင်ရဲ့ ဂုဏ်သိက္ခာနဲ့ ဥပဒေစိုးမိုးရေးအတွက် နောက်ထပ်ထိုးနှက်ချက်လို့ ဝေဖန်သူတွေက ပြောခဲ့ပါတယ်။
Source-Reuters