Home
အားကစား
တိုက်စစ်မှူး အမ်ဘာပေ အသင်းသစ် ရီးရဲလ်မက်ဒရစ်တွင် လုပ်ခလစာလျော့ကျ
DVB
·
June 4, 2024
Photo - Sarah Meyssonnier/Reuters

တိုက်စစ်မှူး အမ်ဘာပေဟာ အသင်းသစ် ရီးရဲလ်မက်ဒရစ်မှာ လုပ်ခလစာ လျှော့ယူရမယ်လို့ သိရပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာပြီး မက်ဒရစ်ကလပ်နဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့တာပါ။

အမ်ဘာပေကို ခေါ်ယူနိုင်ခဲ့ကြောင်း မက်ဒရစ်အသင်းဘက်ကလည်း တရားဝင်ကြေညာခဲ့ပါတယ်။

အမ်ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာတော့ ပီအက်စ်ဂျီအသင်းကထက် လုပ်ခလစာလျော့ကျသွားခဲ့ရပါတယ်။

ပီအက်စ်ဂျီမှာ တစ်နှစ်ကို ပေါင် ၂၁ ဒသမ ၄ သန်းအထိရရှိပေမဲ့ အသင်သစ် မက်ဒရစ်မှာတော့ တစ်နှစ် လုပ်ခပေါင် ၁၂ ဒသမ ၈ သန်းသာရရှိမယ်လို့ သိရပါတယ်။ 

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဥရောပ ချန်ပီယံလိဂ်ဆုဖလားကို စံချိန်တင် ၁၅ ကြိမ်မြောက်ရရှိခဲ့ပြီးနောက် အမ်ဘာပေကို ထပ်မံခေါ်ယူ ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013