ဘော့စနီးယားနဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်ကစားသမား ၆ ဦး လွဲချော်မယ်လို့ နည်းပြဆောက်ဂိတ်က အတည်ပြု သွားပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲမတိုင်ခင် အကြိုပြင်ဆင်မှုအဖြစ် ဘော့စနီးယား၊ အိုက်စလန် အသင်းတွေနဲ့ ခြေစမ်းပွဲ နှစ်ပွဲကစားသွားမှာပါ။
ဘော့စနီးယားနဲ့ပွဲစဉ်မှာ မန်ယူနောက်ခံလူ မက်ဂွဲယားနဲ့ လုခ်ရှောတို့ဟာ ကြံ့ခိုင်မှု မပြည့်ဝေသေးတာကြောင့် လွဲချော်မှာ ဖြစ်သလို မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းစ်နဲ့ နယူးကာဆယ် တိုက်စစ်ကစားသမား ဂေါ်ဒွန်တို့ဟာလည်း လွဲချော်မှာပါ။
အလားတူ အာဆင်နယ်တောင်ပံကစားသမား ဘာကာရိုဆာကာကိုလည်း အနားပေးထား မှာဖြစ်လို့ ဘော့စနီးယားနဲ့ပွဲကို လွဲချော်မယ်လို့ နည်းပြဆောက်ဂိတ်က အတည်ပြုပါတယ်။
နည်းပြ ဆောက်ဂိတ်အနေနဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားမယ့် ဘော့စနီးယားနဲ့ပွဲစဉ်ကို နယူးကာဆယ်နောက်ခံလူ ထရစ်ပီယာကို အသင်းခေါင်းဆောင်အဖြစ် ပွဲထွက် စေမှာဖြစ်တယ်လို့ အတည်ပြုသွားပါတယ်။
Photo-Reuters