အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ မီဒီယာလုပ်ငန်းရှင် သူဌေးကြီး ရူးပတ်မားဒေ့ါချ်ဟာ သူပိုင်ဆိုင်တဲ့ ကာလီဖိုးနီးယားစပျစ်ခြံမှာ ပဉ္စမအကြိမ်မြောက် မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။
မားဒေ့ါချ်ဟာ အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရုရှားဇီဝဗေဒပညာရှင် အငြိမ်းစား အယ်လီနာ ဇူကိုဗာနဲ့ ဇွန် ၁ ရက်က လက်ထပ်ခဲ့တာဖြစ်တယ်လို့ နောက်ပိုင်းမှာမှ သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။
မားဒေ့ါချ်ဟာ အန်းလက်စလေစမစ် ဆိုတဲ့ အမျိုးသမီးနဲ့ စေ့စပ်ထားတာကို ၂၀၂၃ ဧပြီမှာ ဖျက်သိမ်းခဲ့ပြီးတဲ့နောက် ဇူကိုဗာနဲ့ အခုနှစ် မတ်လမှာ ထပ်စေ့စပ်ခဲ့တာ ဖြစ်ပါတယ်။
ဩစတြေးလျမှာမွေးတဲ့ မားဒေ့ါချ်မှာ ကလေး ၆ ယောက်ရှိပြီး ဖော့စ်နယူးစ်၊ ဝေါစထရိဂျာနယ်၊ သည်ဆန်းနဲ့ သည်တိုင်းမ်စ် သတင်းစာတွေကို ပိုင်ဆိုင်တဲ့ နယူးစ်ကော်ပိုရေးရှင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဖြစ်ပါတယ်။
ဖော့စ်နဲ့ နယူးစ်ကော်ပိုရေးရှင်း ဥက္ကဋ္ဌတာဝန်က မနှစ်ကမှ အနားယူခဲ့တာဖြစ်ပြီး သားဖြစ်သူကို တာဝန်လွှဲထားပါတယ်။
မားဒေါ့ချ်ဟာ သူ့ဇနီးဟောင်းတဦးဖြစ်တဲ့ တရုတ်နွယ်ဖွား စီးပွားရေးလုပ်ငန်းရှင် ဝင်ဒီတန်က ကျင်းပတဲ့ ပါတီပွဲမှာ ဇူကိုဗာနဲ့ စုံခဲ့တာလို့ ဆိုပါတယ်။
မားဒေါ့ချ်ရဲ့ အရင်ဇနီးတွေထဲမှာ ဩစတြေးလျ လေယာဉ်မယ် ပက်ထရစ်ရှာ ဘွတ်ကာ၊ စကော့နွယ်ဖွား သတင်းထောက် အန်နာမန်း၊ အမေရိကန်မော်ဒယ်နဲ့ သရုပ်ဆောင် ဂျယ်ရီဟောတို့ ပါဝင်ပါတယ်။
ဇူကိုဗာဟာလည်း အရင်က ရုရှား ရေနံဘီလီယံနာ အလက်ဇန္ဒား ဇူကော့ဗ်နဲ့ လက်ထပ်ခဲ့ဖူးပါတယ်။
သူတို့သမီး ဒါရှာဟာ ချယ်ဆီးအသင်းပိုင်ရှင်ဟောင်း ရိုမန်အဗရာမိုဗစ်ချ်ရဲ့ ဇနီးဟောင်း ဖြစ်ပါတယ်။
Source-Reuters