Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ် ၄ ခုတွင် နေရာကွက်၍ မိုးကြီးနိုင်
DVB
·
June 3, 2024
Photo - မိုးဇလ

နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နေရာကွက်ပြီးတော့ မိုးကြီးနိုင်ကြောင်းနဲ့ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဇွန် ၃ ရက် ဒီမနက် ၇ နာရီအချိန် ထုတ်ပြန်ချက်မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာတော့ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေတယ်လို့ ဆိုပါတယ်။

ဒီနေ့ညနေအထိခန့်မှန်းချက်မှာတော့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တွေမှာ နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာတော့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေတယ်လို့ ဆိုပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာတော့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၃၀ ကနေ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီးတော့ ကျန်မြန်မာ့ပင်လယ်ပြင်မှာကတော့ လှိုင်းအသင့်အတင့်ရှိနိုင်တယ် လို့ဆိုပါတယ်။

လှိုင်းအမြင့်ကတော့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၇ ပေကနေ ၉ ပေလောက်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ ၆ ပေကနေ ၈ ပေလောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

နောက်နှစ်ရက်အတွက်ခန့်မှန်းချက်မှာတော့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မိုးဆက်လက်ပိုနေမယ်လို့ ခန့်မှန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013