ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ယူကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အေးဂျင့်ဖြစ်သူနဲ့ ချဉ်းကပ်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဖာနန်ဒက်ဟာ နည်းပြအဲရစ်တန်ဟတ် အသင်းမှာ ဆက်မရှိခဲ့ဘူးဆိုရင် အနာဂတ် မရေမရာဖြစ်နေပြီး အသင်းပြောင်းရွှေ့နိုင်ခြေရှိတယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။
ဘိုင်ယန်မြူးနစ် နည်းပြသစ် ဗင်းဆင့်ကွန်ပနီဟာ အသင်းကို လူအင်အားဖြည့်တင်းဖို့ စီစဉ်နေပြီး ဖာနန်ဒက်စ်ကို ပထမဆုံးခေါ်ယူမှုအဖြစ် ပစ်မှတ်ထား ကြိုးပမ်းဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။
ဖာနန်ဒက်စ်ကို ဘာစီလိုနာအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဖာနန်ဒက်စ်ဟာ တပတ်လုပ်ခပေါင် ၂၄၀၀၀၀ ရရှိပြီး အသင်းရဲ့ လုပ်ခအများဆုံး ကစားသမားတွေထဲမှာ ပါဝင်ပါတယ်။