ကနေဒါရွေးကောက်ပွဲတွေကို ဝင်မစွက်ဖက်ဖို့ တရုတ်ကို ကနေဒါက သတိပေးခဲ့တယ်လို့ ကနေဒါ ကာကွယ်ရေးဝန်ကြီးက ရှားရှားပါးပါး နိုင်ငံတကာ ကာကွယ်ရေး အကြီးအကဲများ အစည်းအဝေးအတွင်း ဇွန် ၁ ရက်က ပြော လိုက်ပါတယ်။
ကနေဒါ ကာကွယ်ရေးဝန်ကြီး ဘီလ်ဘလဲရ်က“ကျနော်တို့ရဲ့ ရွေးကောက်ပွဲတွေအပါအဝင် အဖွဲ့အစည်းတွေကို ဝင်ရောက်စွက်ဖက်တာတွေ၊ ကနေဒါမှာ နိုင်ငံသားဖြစ်နေတဲ့ တရုတ်လူမျိုး ရွှေ့ပြောင်းနေထိုင်သူတွေ အပေါ် ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ရပ်တွေ အပါအဝင် သရုပ်သကန် အားလုံးမှာ ကနေဒါနိုင်ငံသားတွေအပေါ် တရုတ်က သူလျှိုလုပ်တာနဲ့ပတ်သက်ပြီး ကျနော် တကယ်စိုးရိမ်တယ်”လို့ တရုတ်ကာကွယ်ရေးဝန်ကြီး တုံးကျန်းကို ပြောခဲ့တာကို ရည်ညွှန်းရင်း ပြောခဲ့ပါတယ်။
ကနေဒါပြည်တွင်း သူလျှို အေဂျင်စီက ပြီးခဲ့တဲ့ ရွေးကောက်ပွဲနှစ်ရပ်မှာ ရွေးကောက် ပွဲဝင်ရောက်စွက်ဖက်မှုကို တရားဝင်စုံစမ်း စစ်ဆေးခဲ့ပြီး တရုတ်က ဝင်ရောက်စွက်ဖက်ခဲ့တယ်လို့ ဧပြီလက ပြောခဲ့ပါတယ်။
တရုတ်ပြည်မကြီးအစိုးရက တော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ ကနေဒါဟာ ရုရှားနဲ့ ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေမှာ ယူကရိန်းရဲ့ ကြိုးပမ်းချက်တွေကို ဆက်လက် ထောက်ခံနေမယ်လို့လည်း ဘလဲက အတည်ပြုခဲ့ပါတယ်။
Source - Reuters