ဂျေဒန်ဆန်ချိုနဲ့ မန်ယူအသင်းတို့ရဲ့ အနာဂတ်ကိစ္စဟာ နည်းပြအပြောင်းအလဲအပေါ်မှာ မူတည်နေတယ်လို့ သိရပါတယ်။
အင်္ဂလန်တောင်ပံကစားသမားဟာ နည်းပြအဲရစ်တန်ဟတ်ဂ်နဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် ဒေါ့မွန်အသင်းဆီကို ရာသီဝက်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ကစားခဲ့တာပါ။
ဆန်ချိုဟာ ဒေါ့မွန်နဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ရာမှာ အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။
ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ရပြီး အငှားစာချုပ်ပြည့်သွားတဲ့ ဆန်ချိုဟာ မန်ယူအသင်းဆီ ပြန်လာရတော့မှာပါ။
ဆန်ချိုဟာ မန်ယူအသင်းမှာ ဆက်ကစားချင်တဲ့ဆန္ဒရှိနေပေမဲ့ နည်းပြအဲရစ်တန်ဟတ်ဂ် ဆက်ရှိနေမယ်ဆိုရင် ပြန်လည်ကစားဖို့မဖြစ်နိုင်ကြောင်း Mirror သတင်းစာက ဖော်ပြသွားပါတယ်။
၂၀၂၁ ခုနှစ်က ဒေါ့မွန်ကနေ ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ဆန်ချိုဟာ မန်ယူနဲ့ ၈၂ ပွဲမှာ ၁၂ ဂိုးသွင်းထားပါတယ်။