ခွဲထွက်ရေးသမားတွေနဲ့ ပြင်ပအင်အားစုတွေကြောင့် ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး အလားအလာ ဆုတ်ယုတ်လျော့ပါးလာပြီလို့ တရုတ်ကာကွယ်ရေးဝန်ကြီး တုံးကျန်းက ပြောပါတယ်။
ထိုင်ဝမ် လွတ်လပ်ရေးဆိုတာ ဘယ်တော့မှ မဖြစ်စေရဘူးလို့လည်း ဝန်ကြီးက စင်ကာပူမှာ ကျင်းပတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ဂ် လုံခြုံရေးဆွေးနွေးပွဲမှာ ပြောသွားပါတယ်။
တရုတ်ဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို သူ့ပိုင်နက်အဖြစ်ပဲ သတ်မှတ်ထားပြီး ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (ဒီပီပီ)က သမ္မတသစ် လိုင်ချင်းတယ်ကိုတော့ ခွဲထွက်ရေးသမားအဖြစ် ရှုမြင်ထားပါတယ်။
ထိုင်ဝမ်ဟာ တရုတ်အတွက် အဓိကကိစ္စတွေထဲကမှ အဓိက အကျဆုံးဖြစ်တယ်လို့ ဝန်ကြီ:က ပြောပါတယ်။
မိန့်ခွန်းအပြီးမှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက မေးခွန်းအများအပြားကို မေးခဲ့ပေမဲ့ တုန်းကျန်းကတော့ ထိုင်ဝမ်ကိစ္စကိုပဲ ပြောသွားပါတယ်။
ထိုင်ဝမ် လွတ်လပ်ရေးယူမှာကို ဟန့်တားနိုင်စွမ်းရှိတယ်လို့ အပြည့်အဝ ယုံကြည်ကြောင်းလည်း တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောသွားပါတယ်။
အမေရိကန်လို့ တိုက်ရိုက်မသုံးဘဲ သူတို့တွေက ထိုင်ဝမ်ကို လက်နက်အများအပြား ရောင်းတာကြောင့် ထိုင်ဝမ် လွတ်လပ်ရေး လိုလားတဲ့ အုပ်စုတွေက ပိုရန်လိုလာကြတယ်လို့လည်း စွပ်စွဲသွားပါတယ်။
တကယ်တမ်း အဲဒီအင်အားကြီးနိုင်ငံက ထိုင်ဝမ်ကို အသုံးချပြီး တရုတ်ကို ထိန်းချင်တာပဲ ဖြစ်တယ်လို့လည်း ဝေဖန်သွားပါတယ်။
Source - Reuters