Home
မြန်မာသတင်း
ရဲတပ်ကြပ်ကြီး ၁ ဦးအပါအဝင် ရဲ ၃ ဦး CNO/CNDF ထံအလင်းဝင်
DVB
·
June 2, 2024

ချင်းပြည်နယ်၊ ဖလမ်းမြို့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး ၁ ယောက် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ယောက်ဟာ မေ ၃၁ ရက်နေ့က CNO/CNDF ဆီကို အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

CNO/CNDF တာဝန်ခံတယောက်က “ဖလမ်းခရိုင်ရဲစခန်းက စစ်တပ်လက်အောက်ခံ ရဲတပ်ကြပ်ကြီးအဆင့်ရှိတဲ့ ဆန်ထောင်း၊ ရဲတပ်သား ဟိန်းထက်စံနဲ့ ဟွာခန့်စိန်တို့ ၃ ဦး အလင်းဝင်လာတာဖြစ်တယ်” လို့ DVB ကို အတည်ပြုပြောဆိုပါတယ်။

အလင်းဝင်ရောက်လာကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ G3 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၆ လုံး၊ ၇ ဒသမ ၆၂ ကျည် အတောင့် ၂၉၀၊ ကျည်ဘောက် ၃ ခုတို့ကို ယူဆောင်လာတယ်လို့ သိရပါတယ်။

CNO/CNDF ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်ကလည်း “သူတို့ ၃ ဦးကို ဆုကြေငွေပေးအပ်ဖို့ စီစဉ် ဆောင်ရွက်နေသလို လုံခြုံတဲ့ လွတ်မြောက်နယ်မြေတနေရာကို ပို့ဆောင်ထားပြီး ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ လက်အောက်ခံတွေအနေနဲ့လည်း နီးစပ်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံ အမြန်ဆုံးအလင်းဝင်ကြဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013