အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်၊ ဂျပန်ကာကွယ်ရေးဝန်ကြီး မိနိုရုခိဟာရနဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်းဝမ်းဆစ်ခ်တို့ဟာ စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ခ် လုံခြုံရေးထိပ်သီးညီလာခံရဲ့ ဆက်စပ် အစည်းအဝေးအတွင်း ဇွန် ၂ ရက်က သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အော်စတင်ဟာ အာရှ -ပစိဖိတ် ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုကို ပြန်အာရုံစိုက်ဖို့ ဆောင်ရွက်နေပြီး ယူကရိန်းနဲ့ ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခတွေအတွင်း အမေရိကန်ရဲ့ လုံခြုံရေးကတိကဝတ်တွေ အာရုံပြောင်းသွားမှာ စိုးရိမ်ပူပန်နေတာတွေကို သက်သာစေဖို့ ကြိုးပမ်းနေပါတယ်။
ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုအပေါ် တန်ပြန်ထိုးစစ်နဲ့ ဂါဇာကမ်းမြောင်ဒေသတွင်း အစ္စရေးရဲ့ စစ်ပွဲအတွက် ပဋိပက္ခ မပြန့်ပွားစေရေး တန်ပြန်ကူညီဖို့ အမေရိကန်က အာရုံစိုက် ကြိုးပမ်းနေချိန်မှာ အင်ဒို-ပစိဖိတ်ဒေသကို အာရုံစိုက်နေရာက အာရုံလွဲသွားမှာကို ပိုတိုး စိုးရိမ်နေကြတာပါ။
လန်ဒန်အခြေစိုက် မဟာဗျူဟာလေ့လာရေး နိုင်ငံတကာတက္ကသိုလ်က စီစဉ်ကျင်းပတဲ့ အာရှ ထိပ်တန်းလုံခြုံရေး ထိပ်သီးဆွေးနွေးပွဲ ရှန်ဂရီလာဒိုင်ယာလော့ခ်ဟာ တနင်္ဂနွေနေ့မှာ ပြီးဆုံးခဲ့ပါတယ်။
Source-Reuters