Home
နိုင်ငံတကာ
ဆော်ဒီစွမ်းအင်ကုမ္ပဏီ Aramco ၏ အစုရှယ်ယာ ဒေါ်လာ ၁၃ ဘီလီယံဖိုး ရောင်းချမည်
DVB
·
June 3, 2024
REUTERS/Maxim Shemetov/File Photo

ဆော်ဒီနိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီကြီး Aramco ရဲ့ အစုရှယ်ယာ ဒေါ်လာ ၁၃ ဒသမ ၁ ဘီလီယံဖိုး ရောင်းချပြီး ဈေးကွက်ထဲက နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကို စမ်းသပ်သွားမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ကုမ္ပဏီအစုရှယ်ယာ ၀ ဒသမ ၇ ရာခိုင်နှုန်းကို ထုတ်ရောင်းမှာ ဖြစ်ပြီး ၂၀၁၉ တုန်းက ကနဦးဈေးကွက်တင် (IPO) ပြီးနောက်ပိုင်း ဒုတိယအကြိမ် ရှယ်ယာထုတ်ရောင်းတာ ဖြစ်ပါတယ်။

ကနဦးဈေးကွက်တင်စဉ်က အရမ်းတန်ဖိုးမြှင့်ထားတာ၊ ဆော်ဒီအစိုးရက ထိန်းချုပ်တာ၊ စွမ်းအင်အတွက် ဟိုက်ဒြိုကာဘွန်အပေါ် မှီခိုရမှု လျော့ကျလာတာတွေကြောင့် နိုင်ငံတကာဈေးကွက်က စိတ်ဝင်စားမှု နည်းခဲ့ပါတယ်။ 

တဖက်မှာလည်း အစုပေါ် အမြတ်ခွဲဝေမှု များပြားတာ၊ ရေနံဈေး မာနေတာတွေကြောင့် ရှယ်ယာတန်ဖိုးကတော့ အားကောင်းနေဆဲ ဖြစ်ပါတယ်။

ကနဦးဈေးကွက်တင်စဉ်က ရှယ်ယာတစုဆီကို ဆော်ဒီငွေ ၂၆ ဒသမ ၇ ရီယာယ်သာ ရှိရာကနေ အခုအခါ ၂၉ ရီယာယ်အထိ ရှိလာခဲ့ပါတယ်။

ဒါကြောင့်  ကနဦးဈေးကွက်တင်စဉ်က Aramco ကုမ္ပဏီတန်ဖိုးကို ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံလို့ သတ်မှတ်ခဲ့ရာကနေ အခုအခါ ၁ ဒသမ ၈၇ ထရီလီယံလို့ တန်ဖိုး သတ်မှတ်ထားကြပါတယ်။

ဆော်ဒီကို အဓိက အုပ်ချုပ်နေတဲ့  MBS လို့ အများသိတဲ့ အိမ်ရှေ့စံ မင်းသား မိုဟာဘင်ဆဲလ်မန် ဟာ ဧရာမစီမံကိန်းကြီးတွေအတွက် ဒေါ်လာဘီလီယံချီ သုံးစွဲနေပါတယ်။

အဲဒီစီမံကိန်းကြီးတွေမှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှုနည်းတဲ့အတွက် Aramco ရှယ်ယာထုတ်ရောင်းပြီး သွယ်ဝိုက်တဲ့နည်းနဲ့ ရန်ပုံငွေရှာတာလည်း ဖြစ်ပါတယ်။

Source - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013