ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု ဧရာဝတီမြစ်ကမ်းနံဘေးက လဘန်ရွာမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူတွေဟာ ဧရာဝတီမြစ်ရေ တက်လာတာကြောင့် ကြိုတင်ရွှေ့ပြောင်းနေသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကို ကျော်လွန်လာတာကြောင့် မေ ၂၉ ရက် ညက စစ်ရှောင်တချို့ ကုန်းမြင့်ပိုင်းကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။
မေ ၃၀ ရက်မှာတော့ ရေအနည်းငယ် ကျသွားပေမဲ့ စိုးရိမ်ရေမှတ် ကျော်နေသေးတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ နောက်တကြိမ် နေရပ်ပြောင်းရွှေ့ရတော့မလား ဆိုပြီး စိုးရိမ်နေကြပါတယ်။
မေ ၂၉ ရက်လောက်ကစပြီး ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးရွာသွန်းပြီး တောင်ကျရေ များတာကြောင့် ဧရာဝတီမြစ်ရေ ကြီးလာတာ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် မြစ်ကြီးနားမြို့ပေါ် မြေနိမ့်ရပ်ကွက်တွေက လူနေအိမ်တွေအထိ မြစ်ရေလျှံလာတာကြောင့် ညတွင်းချင်း ပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။
လဘန်ကျေးရွာမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေကတော့ ရေဘေးဖြစ်လာရင် အသင့်ပြောင်းရွှေ့နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်နေကြတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။
လဘန်ရွာ စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာ အနီးတဝိုက်က ပြည်သူ့စစ် စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေကြောင့် စစ်ကောင်စီက ရွာထဲမှာ ပိတ်ထားခံရတဲ့ အောင်မြေ ၂ ရွာ ဒေသခံအများစုနဲ့ ရွှေညောင်ပင်ရွာက အိမ်ထောင်စု ၇ စုအပါအဝင် စစ်ရှောင် ၆၀၀ ကျော် ခိုလှုံနေထိုင်နေကြတာ ဖြစ်ပါတယ်။
ဟန်န